တပ်မတော်နေ့ ပြောင်းလဲရေး မအောင်မြင်

  • 24 ဇွန် 2014
army_day ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည် တက်တဲ့ တပ်မတော်နေ့

မတ်လ ၂၇ ရက် တပ်မတော်နေ့ကို တော်လှန်ရေးနေ့ ပြန်လည် သတ်မှတ်ဖို့နဲ့ တောင်သူ လယ်သမားနေ့ကို မတ်လ ၂ ရက်နေ့ကနေ ပြောင်းရွှေ့ ကျင်းပဖို့ အဆိုကို ပြည်သူ့ လွှတ်တော်မှာ ပုသိမ် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းရာမှာ ပြင်ဆင်ဖို့ မရှိဘူးလို့ အစိုးရ ဘက်က ပြန်ကြား ခဲ့ပါတယ်။

အနှစ် ၅ဝ ကျော် ကျင်းပ လာပြီး အနှစ်သာရနဲ့ ပြည့်ဝတဲ့ အတွက် နေ့ရက် ပြောင်းလဲ သတ်မှတ်ဖို့ မလိုကြောင်း အစိုးရ ဘက်က တုံ့ပြန် ဖြေကြား ခဲ့ပါတယ်။

ဦးဝင်းမြင့်ကတော့ သမိုင်း အမှန်ကို ဆက်ပြီး ဖုံးထားလိုလို့ ဒီလို ပယ်ချ ခဲ့တာလို့ ပြောပါတယ်။

တပ်မတော်နေ့ အတွက် ပိုပြီး ဆီလျော်တဲ့ ရဲဘော် သုံးကျိပ် ဘန်ကောက်မှာ လက်မောင်းသွေးဖောက် သစ္စာပြု တဲ့နေ့တွေ ကို သတ်မှတ်နိုင်တယ်လို့ သူက ဆိုပါတယ်။

တောင်သူ လယ်သမားနေ့ အတွက် ဆရာစံ အရေးတော်ပုံနဲ့ ပိုသက်ဆိုင်တဲ့ ရက်တွေ ရှိကြောင်းလဲ ပြောပါတယ်။

လွတ်လပ်ရေး ရစက ဇန်နဝါရီ ၁ ရက်မှာ တောင်သူ လယ်သမား နေ့ ကျင်းပပြီး တပ်မတော်နေ့ကို ဂျပန်ခေတ် က ဇန်နဝါရီ ၂ ရက်နေ့မှာ ကျင်းပ ခဲ့တဲ့ အထောက်အထားတွေလဲ တွေ့ရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ