တုံရွာ ကျောင်းဖွင့်ပွဲမှာ ဆန္ဒပြ

  • 24 ဇွန် 2014
letpadaung ဓာတ်ပုံ မူပိုင် AFP
Image caption အတင်း အဓမ္မ ခြံစည်းရိုး ခတ်တယ်လို့ဆို

လက်ပံတောင်း စီမံကိန်း တုံရွာ အလယ်တန်း ကျောင်းသစ် ဖွင့်ပွဲ ကိုလာတဲ့ စစ်ကိုင်း ဝန်ကြီးချုပ် ဦးသာအေး နဲ့ အဖွဲ့ကို ဒေသခံ တွေက လျော်ကြေး မယူဘဲ မြေသိမ်းတဲ့ ကိစ္စတွေ ဖြေရှင်းဖို့ ဆန္ဒပြ တောင်းဆို ခဲ့ကြ ပါတယ်။ တုံရွာနဲ့ ဆည်တည်း၊ မိုးကြိုးပြင် ဒေသခံ ၁၅ဝ လောက် က လယ်တီ သိမ်ဖျက်တဲ့ ဦးသာအေး အလိုမရှိ ၊ အစီရင်ခံစာ အတိုင်း မလုပ်သူ တွေကို အရေးယူပါ၊ ဝမ်ပေါင် ကုမ္ပဏီ အလိုမရှိ စတဲ့ ဆိုင်းဘုတ် တွေ ကိုင် ဆန္ဒပြ ခဲ့တယ် လို့ ဒေသခံ တွေက ပြောပါတယ်။

သက်ဆိုင်ရာ အစိုးရ ဘက်က လက်ပံတောင်း အစီရင်ခံစာ အတိုင်း ဖွံ့ဖြိုးရေး တွေ လုပ်နေတယ် ဆိုပေမယ့် ဒေသခံ တွေက တော့ သူတို့ လျော်ကြေး မယူတဲ့ မြေတွေ ကို အတင်း ခြံစည်းရိုး ခတ်တယ် ဆိုပြီး နေ့စဉ် ရက်ဆက် ပုံစံမျိုးစုံနဲ့ ဆန္ဒပြ တောင်းဆို နေကြပါတယ်။

စီမံကိန်းကို နိုင်ငံတကာ လုပ်ထုံး လုပ်နည်း အတိုင်း လုပ်နေကြောင်း နယ်စပ် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ