တပ်မတော်သား ကိုယ်စားလှယ်ကို ကန့်ကွက်နိုင် မလား

Burma's Chief of Staff, Sr Gen Min Aung Hlaing ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်သား ကိုယ်စားလှယ် တွေနဲ့ ပတ်သက်လို့ ကာကွယ်ရေး ဦးစီးချုပ် ကသာ ဆုံးဖြတ်နိုင်

လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ် တစ်ယောက်ဟာ ကိုယ်စားလှယ် မဖြစ်ထိုက်ဘူးလို့ နိုင်ငံသား ၁၀ ယောက်က အထောက် အထားတွေနဲ့ တိုင်ကြား တယ်ဆိုရင် ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်း နိုင်တဲ့ ဥပဒေကို အမျိုးသားလွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။

တိုင်ကြားလိုသူတွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားကြရမှာ ဖြစ်ပါတယ်။

ဘယ်လို စည်းကမ်းတွေကို ချိုးဖောက်ရင် တိုင်ကြားနိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့တော့ နည်းဥပဒေတွေ ထွက်လာမှ သိနိုင်မှာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒါပေမဲ့ သူတို့ကို ခန့်အပ်မှု၊ ပယ်ဖျက်မှု စတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေ ကိုတော့ ကာကွယ်ရေး ဦးစီးချုပ်ကသာ လုပ်နိုင်ခွင့် ရှိတဲ့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အဲဒီ တပ်မတော်သား ကိုယ်စားလှယ်ကို ထုတ်ပယ်ပစ်နိုင်တဲ့ အခွင့်အရေး မရှိဘူးလို့လည်း သူက ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေက တိုင်ရုံသာ တိုင်ကြားနိုင်မှာ ဖြစ်တဲ့ အတွက် လက်တွေ့မှာ ပြည်သူ တွေရဲ့ ဆန္ဒအတိုင်း ဘယ်လောက် ထိထိ ရောက်ရောက် လုပ်ကြမလဲ ဆိုတာ မေးခွန်းထုတ်နေကြပါတယ်။

တိုင်ကြားခွင့်သာ ရှိပြီး အရေးယူနိုင်ဖို့ အားနည်းတဲ့ ဥပဒေ တစ်ရပ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ