ဘာလချောင်ကြော်ပို့တဲ့ ကုမ္ပဏီ အရေးယူခံရ

_bar_la_chaung_
Image caption အာရှသားတို့ အကြိုက် ဘာလချောင် ကြော်

ဗြိတိန်နိုင်ငံကို မြန်မာနိုင်ငံက တင်သွင်းခဲ့ တဲ့၊ ရေထွက်ပစ္စည်း ပို့ကုန်တွေ နဲ့အတူ ဘာလချောင်ကြော် တွေ တင်ပို့ခဲ့တဲ့ ကုမ္မဏီကို မြန်မာ အာဏာပိုင်တွေ က၊ ဒဏ်ငွေ ကျပ် ၁၀ သိန်း ချမှတ်ခဲ့ ပြီး၊ နိုင်ငံခြား ပို့ကုန် တင်သွင်း ခွင့် ၆ လ ပိတ်ပင် လိုက်ပါတယ်။

အဆိုပါ ဘာလချောင်ကြော် တွေကို၊ စမ်းသပ် ဓာတ်ခွဲ ကြည့်တဲ့ အခါ၊ ကလိုရိုဖီနီကော ပဋိဇီ၀ဆေး ဓာတ်အကြွင်းအကျန် တွေ တွေ့ရှိရတယ် ဆိုပြီး၊ ဗြိတိန်နိုင်ငံဘက် က အကြောင်း ကြားလာခဲ့ တဲ့ နောက်ပိုင်း၊ မွေးမြူရေး နဲ့ ရေလုပ်ငန်း မြန်မာ အစိုးရ ဝန်ကြီးဌာန အနေနဲ့၊ ဒီလို အရေးယူမှု တွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောပါတယ်။

အခုလို အရေးယူ ခံရတာ ဘယ်ကုမ္မဏီလည်း ဆိုတာတော့ ဦးဝင်းကြိုင် က ထုတ်ဖော် မပြောခဲ့ပါဘူး။

ဒါ့အပြင်၊ ဒီ ဘာလချောင်ကြော်တွေဟာ ပို့ကုန်အဖြစ် တရားဝင် ကြေညာ အစစ်ခံပြီးမှ တင်ပို့ခဲ့တာ ဟုတ် မဟုတ်လည်း မသေချာဘူး ဆိုပြီး၊ ဦးဝင်းကြိုင် က ဆိုပါတယ်။

ဒီလို ကိစ္စရပ် ပေါ်ပေါက် လာတဲ့အတွက်၊ ဗြိတိန် အပါအဝင် ဥရောပ အီးယူဘက် က၊ မြန်မာပြည်ကနေ လာတဲ့ ပို့ကုန်တွေ ကို မပိတ်ပင် သေးပေမယ့်၊ အထူး သတိထား စောင့်ကြည့် စစ်ဆေးတော့ မှာ ဖြစ်တဲ့အတွက်၊ လိုက်နာ လုပ်ဆောင်ရမယ့် အဆင့်တွေ တိုးလာပြီး၊ မြန်မာပို့ကုန် လုပ်ငန်းရှင်တွေ အတွက်၊ ကုန်ကျစားရိတ် တွေ ပိုမို ကျခံ လာရမယ် လို့ ဦးဝင်းကြိုင် က ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲ ကာလ နောက်ပိုင်း၊ မြန်မာနိုင်ငံ က ကုန်ပစ္စည်း တင်ပို့ခွင့် ကို အီးယူ အနေနဲ့ မပိတ်ပင် တော့ပေမယ့်၊ မြန်မာ ဘက်ကတော့ ဥရောပ စျေးကွက် မှာ နေရာရနိုင်တဲ့ ကုန်ချောတွေ မထုတ်လုပ် နိုင်သေးပဲ၊ ဥရောပရောက် အာရှသားတွေကို ရည်ရွယ်တဲ့ ဘာလချောင်ကြော် လို ပစ္စည်းတွေ ပို့ကြတာ ဖြစ်တယ် လို့ ဦးဝင်းကြိုင်က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ