သံတွဲမှာ ညမထွက်ရ အမိန့် (၂) လတိုး

  • 29 ဇွန် 2014
thandwe ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင် ပဋိပက္ခ ဒဏ် ခံခဲ့ရတဲ့ ဒေသခံ တွေ

ရခိုင် ပြည်နယ် သံတွဲမြို့မှာ ညမထွက်ရ အမိန့်ကို နောက်ထပ် (၂) လ သက်တမ်း တိုးလိုက် တယ် လို့ သိရ ပါတယ်။ အခု တိုးလိုက်တာ ကို အသံချဲ့ စက် နဲ့ မြို့ ပတ် ကြေညာ သွားခဲ့တယ် လို့ ဒေသခံ တွေက ပြောပါတယ်။

သံတွဲမြို့မှာ ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် ဇွန်လ အတွင်းက ဖြစ်ပွား ခဲ့တဲ့ ရခိုင် ပဋိပက္ခ က တည်းက ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။

အခုအခါ အခြေအနေ တည်ငြိမ် လာခဲ့ပေမယ့် အဖွဲ့ ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ သံတွဲ တည်ငြိမ်ရေး ထိန်းသိမ်းရေး ကော်မီတီ က နောက်ထပ် ၂ လ သက်တမ်း တိုးဖို့ လိုအပ်တယ် လို့ ဆုံးဖြတ် ခဲ့တဲ့အတွက် ထပ်တိုးခဲ့တာ လို့ သံတွဲ မြို့နယ် ဒုဦးစီးမှူး ဦးကြည်စိုးထွန်းက ပြောပါတယ်။

ညမထွက်ရ အမိန့်ကြောင့် လုပ်ကိုင် စားသောက် နေကြတဲ့ ဘဝ တွေကို ထိခိုက် နစ်နာ နေတာကြောင့် ဒေသခံ ပြည်သူ တွေ ကတော့ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းဖို့ လိုလား နေကြတယ်လို့ သိရှိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ