၈ လေးလုံး ပြတိုက် နေရာ ရ

  • 30 ဇွန် 2014
88 ဓာတ်ပုံ မူပိုင် AP
Image caption ပြတိုက် ထောင်ဖို့ ၈ လေးလုံး ငွေရတုက ချမှတ်ခဲ့

၈ လေးလုံး သမိုင်းဝင် ပြတိုက် ကို လာမယ့် သြဂုတ်လ ၈ ရက် နေ့ ၈ လေးလုံး နှစ်ပတ်လည် နေ့ အမီ ဖွင့်ဖို့ နေရာ ရထားပြီ လို့ ဆိုပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်း သုမင်္ဂလ လမ်းက ၈၈ ပွင့်လင်း လူ့အဖွဲ့ အစည်း ရုံးခန်း နားက တိုက်ခန်းကို တနှစ် ငှားရမ်းပြီး ပြတိုက် ဖွင့်မယ် လို့ ပြတိုက် ဖြစ်မြောက် ရေး ကော်မတီ ဝင် ကိုအံ့ဘွယ်ကျော် က ပြောပါတယ်။

၈ လေးလုံး ကာလ က သုံးစွဲခဲ့တဲ့ စာကူးစက်၊ လက်နှိပ်စက်၊ သွေးစွန်းနေတဲ့ အဝတ်စ၊ အလံ စတဲ့ အမှတ် ရစရာ ပစ္စည်း တွေကို နောက် မျိုးဆက်တွေ သိအောင် အခန်းဖွဲ့ ပြသွားမှာ ဖြစ်ပြီး ဒီပြတိုက် ဖွင့်ဖို့ အာဏာပိုင် တွေ ဆီက ခွင့်ပြုချက် ယူမထား သေးဘူး လို့ ဆိုပါတယ်။

၁၉၈၈ ၈ လေးလုံး ဆန္ဒပြပွဲ တွေကြောင့် လမ်းစဉ်ပါတီ အစိုးရ ယန္တရား ရပ်ဆိုင်းပြီး စစ်တပ်က အာဏာသိမ်း အုပ်ချုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ