ဩစတေးလျ ဝန်ကြီးရဲ့ မြန်မာခရီး

  • 30 ဇွန် 2014
Julie Bishop ဓာတ်ပုံ မူပိုင် REUTERS
Image caption ပညာရေး၊ အမျိုးသမီး ဖွံ့ဖြိုးရေး တွေ ဦးစားပေး

ဩစတေးလျ နိုင်ငံခြားရေး ဝန်ကြီး Julie Bishop မြန်မာနဲ့ လာအိုကို ပထမဆုံး အကြိမ် သွားရောက်မယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ရောက်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ အစိုးရ အဖွဲ့ဝင် တွေကို တွေ့ဆုံမှာ ဖြစ်ပြီး ပညာရေး၊ စီးပွားရေး ၊ အမျိုးသမီး ဖွံ့ဖြိုးရေး တွေကို ဦးစားပေး ဆွေးနွေးမယ်လို့ ဖော်ပြ ထားပါတယ်။

မြန်မာ နိုင်ငံမှာ လတ်တလော အရေးပါလှတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု အပေါ် ဩစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ခရီးမှာ အလေးထား မဖော်ပြတဲ့ အတွက် ဩစတေးလျ က မြန်မာအရေး လှုပ်ရှားသူ တချို့က ဝေဖန် နေပါတယ်။

ဩစတေးလျ အစိုးရဟာ မြန်မာပြည်နဲ့ စီးပွားရေး ဖလှယ် ရေးကို ပိုစိတ်ဝင်စား တာမို့ မြန်မာ အစိုးရနဲ့ အဆင်ပြေအောင် ဆက်ဆံတဲ့ ပုံရှိတယ်လို့ ဆစ်ဒနီက ဒေါက်တာ မြင့်ချိုက ပြောကြား ပါတယ်။

မြန်မာ ကျောင်းသား ပညာသင်ဆု တွေအပါအဝင် ဩစတေးလျ ဘက်က ထောက်ပံ့ ကူညီမှုတွေ တိုးတက် လာစရာ ရှိတယ် လို့လဲ သိရပါတယ်။

ရခိုင် ပဋိပက္ခ ပြေလည်ရေး နဲ့ ထောက်ပံ့ ကူညီရေး ကိစ္စတွေ အတွက်လဲ ဩစတေးလျက စိတ်ဝင်တစား ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ