ဖွဲ့စည်းပုံပြင်ရေး လက်မှတ်ပေါင်း ၃ သန်းကျော်ရရှိ

Image caption ဇွန်လ ၂၇ ရက်နေ့ တလ ပြည့်ခဲ့ချိန် မှာတော့ လက်မှတ်ပေါင်း ၃ သန်း ၃ သိန်း ရရှိ ခဲ့ပြီ ဖြစ် ပါတယ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင် ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်း တို့ ပူးပေါင်း ပြီး ပြည်သူ လူထု လက်မှတ် ကောက်ခံရာ၊ ဇွန်လ ၂၇ ရက်နေ့ တလ တိတိ ပြည့်ခဲ့ချိန် မှာတော့ လက်မှတ်ပေါင်း ၃ သန်း ၃ သိန်း ရရှိ ခဲ့ပြီ ဖြစ်ကြောင်း NLD ကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထုရဲ့ စိတ်ဝင်စား မှုဟာ များကြောင်း အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်တီဝင် NLD က ဦးထွန်းထွန်းဟိန် က ပြောပါ တယ်။

လက်မှတ်တွေ ကောက်ခံတဲ့ နေရာမှာ လက်မှတ် ထိုးမယ့် သူရဲ့ မှတ်ပုံတင်နဲ့ နေရပ် လိပ်စာ တို့ကိုပါ ဖေါ်ပြပေး ရတာ ဖြစ်လို့ ဒါဟာ အများ ပြည်သူရဲ့ ဆန္ဒ အမှန် ဖြစ်တယ် လို့လည်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ဒီမိုကရေစီ နိုင်ငံ တွေမှာ ဆိုရင် အခုလို ပြည်သူ လူထုရဲ့ ဆန္ဒကို လေးစား လိုက်နာကြောင်းနဲ့ မြန်မာ အစိုးရ အနေနဲ့ ကလည်း ဆောင်ရွက် သင့်တာတွေကို ဆောင်ရွက် မယ်လို့ ယုံကြည် ကြောင်း သူက ပြောပါတယ်။

ဒီလို လူထု ဆန္ဒတွေကို ဖေါ်ထုတ် နိုင်တာကြောင့် လွှတ်တော် တွင်းမှာ ရှိကောင်း ရှိနိုင်မယ့် အခြေခံ ဥပဒေ မပြင်ဆင် လိုသူတွေကို တစုံ တရာ အကျိုး သက်ရောက်မှု ရှိမယ်လို့ သူက ဆိုပါတယ်။

လာမယ့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အထိ လက်မှတ်တွေကို ဆက်လက် ကောက်ခံ သွားမယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ