တရုတ်ခရီးစဉ်မှာ ဦးသိန်းစိန် ဘာတွေ သဘော တူခဲ့သလဲ

  • 30 ဇွန် 2014
Burmese President and Chinese counterpart ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်နဲ့ မြန်မာ ယဉ်ကျေးမှု စင်တာတွေ ဖွင့်မယ်

သမ္မတ ဦးသိန်းစိန် ရဲ့ တရုတ် နိုင်ငံ ခရီးစဉ်မှာ ကျန်းမာရေး၊ ပညာရေးနဲ့ ယဉ်ကျေးမှု ဆိုင်က သဘောတူညီချက် တချို့ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ် ချမှတ်ခဲ့တဲ့ နှစ် ၆ဝ အထိမ်းအမှတ်ဖြစ် တရုတ် နိုင်ငံမှာ ပြုလုပ်တဲ့ အထိမ်းအမှတ်ပွဲကို တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန်က ချစ်ကြည်ရေး ခရီးစဉ် အဖြစ် သွားရောက် ခဲ့တာဖြစ်ပါတယ်။

ခရီးစဉ် ပထမနေ့မှာ တရုတ် သမ္မတ ရှိကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေး၊ ရန်ကုန်နဲ့ မန္တလေးဆေးရုံကြီးတွေ တည်ဆောက်ဖို့ အတွက် လေ့လာ ဆန်းစစ်ရေး တို့ကို သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြတယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကပြောပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လို့ အစိုးရက ထောက်ကြံ့မှာ တည်ဆောက်ဖို့ ရှိတဲ့ ကုတင် ၃၀၀ ဆံ့ ဆေးရုံကြီး တည်ဆောက်ရေးမှာ တရုတ်ဘက်က နည်းပညာနဲ့ အတတ် ပညာအကူ အညီတွေ ပေးမှာ ဖြစ်ပါတယ်။

မြန်မာနဲ့ တရုတ် ယဉ်ကျေးမှု စင်တာတွေ ဖွင့်လှစ်ရေး လက်မှတ်ရေးထိုးရတာကတော့ အရင်က အစိုးရချင်းသာ ဆက်ဆံခဲ့တဲ့ အနေ အထားကနေ ပြည်သူ အချင်းချင်းလည်း ထိတွေ့ ဆက်ဆံဖို့ လိုအပ်ချက်တွေ ရှိနေလို့ အပြန်အလှန် ထိတွေ့ ဆက်ဆံနိုင်အောင် သဘောတူ လက်မှတ်ရေးထိုးတာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ခရီးစဉ် ဒုတိယနေ့မှာ မြန်မာ သမ္မတက အိန္ဒိယ သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ