ဦးဆန်းဆင့် ပြန်လွတ်ရေး ဆန္ဒပြ

  • 1 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် myintmakha
Image caption ဦးဆန်းဆင့်ကို ရာထူး ပြန်ခန့်ထားရေး အတွက် လက်မှတ် စုဆောင်းပြီး လွှတ်တော် နဲ့ အစိုးရကို ပို့မယ်

နိုင်ငံတော် ဘဏ္ဍာငွေ အလွဲ သုံးစား လုပ်မှု အပါ အဝင် တခြား စွပ်စွဲချက် တွေနဲ့ ဖမ်းဆီး ခံထား ရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြစ်မှုက ကင်းလွတ်ခွင့် ပြုရေး အတွက် သူကို ထောက်ခံတဲ့ လယ်သမား တွေက ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ မှာ တရားဝင် ခွင့်ပြုချက် နဲ့ ဆန္ဒ ဖော်ထုတ်ခဲ့ ကြ ပါတယ်။

ဆန္ဒပြသူ လူပေါင်း ၂၀၀ နီးပါး လောက် ရှိပြီး ဒီအမှုနဲ့ ပတ်သက် လို့ ပွင့်လင်း မြင်သာမှု ရှိစွာ သတင်း ထုတ်ပြန်ပေး ဖို့ကို သူတို့က တောင်းဆို ခဲ့ကြ ပါတယ်။

ဦးဆန်းဆင့်ဟာ အရင်က ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် မှာ ဥက္ကဌ အဖြစ် တာဝန် ယူခဲ့ သူဖြစ်ပြီး၊ နောက်ပိုင်းမှာ သူ့ကို သာသနာရေး ဝန်ကြီး အဖြစ် ပြောင်းလဲ ခန့်အပ် ထားတော့ လည်း ဒေသခံ တွေက ကန့်ကွက် ဆန္ဒပြခဲ့ ပါသေးတယ်။

သူ့ကို ငွေကျပ် သိန်း ၁၀၀ လောက် အလွဲ သုံးစား ပြုမှုနဲ့ ဖမ်းဆီး အမှုဖွင့်ကာ ရမန် ယူထားပြီး၊ သူအပါ အဝင် ပတ်သက် သူတွေကို နောက်ထပ် စစ်ဆေးမှု တွေ လုပ်နေကာ၊ တစ်ခြား အမှုတွေ တွေ့ရင်လည်း ထပ်ပြီး တရားစွဲ ဖို့ရှိ တယ်လို့ သမ္မတ ပြောဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောထားတာ ရှိပါ တယ်။

ဆန္ဒ ပြသူတွေ ဘက် ကတော့ ပြည်ထောင်စု အဆင့် ဝန်ကြီး တစ်ဦးကို ပုဒ်မတပ် စုံစမ်း တာတွေ မလုတ်ဘဲ အခုလို ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီ စံနှုန်းနဲ့ ဆန့်ကျင်နေတယ် လို့ ပြောပါတယ်။

ဒါကြောင့် ဧရာဝတီတိုင်း အတွင်းက ရေကြည် ငသိုင်းချောင်း ကျုံပျော် မြို့တွေ အပြင်၊ ရန်ကုန် မြို့တော် ခန်းမ အနီးမှာ လည်း လာရောက် ဆန္ဒပြ တာတွေ လုပ် သွားမယ် လို့ ပြောပါတယ်။

ဒါအပြင် ဦးဆန်းဆင့် အမှု အတွက် ပွင့်လင်း မြင်သာစွာ သတင်း ထုတ်ပြန် ပေးဖို့နဲ့ သူ့ကို ရာထူး ပြန်လည် ခန့်ထားရေး အတွက် လက်မှတ် စုဆောင်းပြီး လွှတ်တော် နဲ့ အစိုးရကို ပေးပို့ သွားမယ် လို့လည်း ဆန္ဒပြ လယ်သမား တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ