ရခိုင်အရေး ဩစတြေးလျ ဝန်ကြီး ဆွေးနွေး

  • 2 ဇူလိုင် 2014
bishop_ ဓာတ်ပုံ မူပိုင် AFP
Image caption ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့

မြန်မာနိုင်ငံကို ၃ ရက်တာ ခရီး ရောက်နေတဲ့ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Ms. Julie Bishop ဟာ၊ ဒီကနေ့ ဗုဒ္ဓဟူး ဇူလိုင် ၇ ရက် ညနေပိုင်း က၊ ရန်ကုန်မြို့ ဩစတေးလျား သံအမတ်ကြီး နေအိမ်မှာ၊ ရခိုင် နိုင်ငံရေး ပါတီတွေ အပါအဝင် ရခိုင် အရပ်ဖက် လူ့အဖွဲစည်းက သူတွေနဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ မှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေ ပြုလုပ် လာခဲ့တဲ့နောက် စိန်ခေါ်မှု အရှိဆုံး အကြပ်အတည်း တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်အရေး အပါအဝင်၊ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်ပြီး၊ Ms. Julie Bishop ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေး သွားဖို့ရှိတယ် ဆိုပြီး၊ ဩစတေးလျ နိုင်ငံခြားရေးဌာန က၊ သတင်း ထုတ်ပြန်ထားတာ နဲ့ အညီ၊ အခုလို ရခိုင် အသိုင်းအဝိုင်း နဲ့ တွေ့ဆုံ ခဲ့တာပါ။

ဩစတေးလျ နိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံစဉ် မှာ၊ လူ့အခွင့်အရေး အကြောင်းပြပြီး၊ ရခိုင်ပြည်နယ် အတွင်း နိုင်ငံရေးအရ နိုင်ငံတကာ ရဲ့ စွက်ဖက်မှု တွေ ခံနေရတဲ့ အခြေအနေ ကို ရှင်းပြခဲ့တယ် ဆိုပြီး၊ ရခိုင် အမျိုးသားပါတီ ရဲ့ ပထမ ခေါင်းဆောင် ဦးအေးသာအောင် က ပြောပါတယ်။

Ms. Julie Bishop ဟာ၊ ဂျူလိုင် ၃ ရက် ကြာသပတေးနေ့ မှာ၊ ပြည်သူ့လွှတ်တော် နာယက သူရ ဦးရွှေမန်း နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ နေပြည်တော် လွှတ်တော် အဆောက်အဦ မှာ တွေ့ဆုံ ကြပါမယ်။

သူ့ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံမယ် လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ