မဟာသန္တိသုခအမှု သံဃာတွေ ရုံးထုတ်

  • 4 ဇူလိုင် 2014
Monks Trial in Burma
Image caption မဟာသန္တိသုခ ကျောင်းအမှုနဲ့ သံဃာတွေကို ရုံးထုတ်ခဲ့စဉ်

မဟာ သန္တိသုခ ကျောင်းအမှု နဲ့ ပတ်သက်လို့ တရားစွဲဆို ခံထားရတဲ့ သံဃာတော် ၅ ပါးကို ဇူလိုင်လ ၄ ရက်နေ့က တတိယအကြိမ် ရုံးထုတ် စစ်ဆေးပြီး ဇူလိုင်လ ၁၈ ရက်နေ့ကို နောက်ထပ် ရုံးချိန်း ပေးလိုက်ပါတယ်။

သာသနာရေး ဦးစီးဌာန ဘက်က တာဝန်ရှိသူတွေ နဲ့ သံဃာတော် တချို့ လာရောက် နားထောင် ခဲ့တဲ့ တာမွေမြို့တရားရုံး ကြားနာမှုမှာ တရားလို ဘက်ကို အဓိကထား စစ်ဆေးခဲ့ ပါတယ်။

ကြားနာစစ်ဆေးမှုမှာ သံဃာတွေရဲ့ ရှေ့နေတွေ ဘက်က မေးခွန်းတွေကို လွတ်လွတ်လပ်လပ် မေးခွင့် မရခဲ့ဘူးလို့ လန်ဒန် ဆရာတော် ဦးဥတ္တရက ကြားနာ စစ်ဆေးမှု အပြီးမှာ သတင်းထောက်တွေကို မိန့်ကြား ပါတယ်။

အရင်တစ်ခေါက် ကထက်စာရင် ဒီတခါ ကြားနာမှုမှာ သံဃာ့ အကျိုးဆောင် ရှေ့နေတွေ အပေါ် ဖိအားပေးသလို ခံစားရတယ်လို့လည်း ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

ဒါကြောင့် တရား စီရင်မှု ဘယ်လောက် လွတ်လပ်မယ်ဆိုတာ မပြောနိုင်သေးဘူးလို့လည်း ဆရာတော်က ဆိုပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မဟာသန္တိသုခ ကျောင်းကို ဇွန်လ ၁၀ ရက်နေ့ ညက သာသနာရေး ဦးစီးဌာန က ဝင်ရောက် ချိတ်ပိတ်ခဲ့ပြီး ကျောင်း မှာ ယာယီ သီတင်းသုံးနေတဲ့ သံဃတော် ၅ ပါးကို သာသနာ အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ