မန္တလေး လုံခြုံရေး တခြားနယ်က ရဲတပ်ရင်း၃ရင်း ကူဖို့ ရောက်နေ

  • 5 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရဲတပ်ရင်းတွေ နယ်မြေခံ ရဲတွေ ပူးပေါင်းပြီး လုံခြုံရေး စောင့်ကြပ်နေ

မငြိမ်မသက် ဖြစ်နေတဲ့ မန္တလေးမြို့မှာ အခုအခါ တခြားနယ်က ရဲတပ်ရင်း ၃ရင်း ကူဖို့ ရောက်နေပါတယ်။

ကာဖြူး အမိန့် ထုတ်ပြန်လိုက်ပြီး နောက်ပိုင်းမှာ ညတလျှောက်လုံး ရဲတပ်ရင်းတွေ နယ်မြေခံ ရဲတွေနဲ့ လှည့်လည် ကင်းစောင့်ကြပ်နေတယ်လို့ မန္တလေး ခရိုင် ရဲတပ်ဖွဲ့ ရဲမှူး ဦးစိန်ထွန်းက ဘီဘီစီကို ပြောပြပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် အရေးတကြီး အကြောင်း မရှိပဲ ညဘက် လမ်းပေါ် ထွက်သူတွေကို ပစ်ခတ် အရေးယူနိုင်ခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအတွက် စစ်တပ်ကို အကူအညီ တောင်းထားတာမျိုး မရှိပဲ ရဲတပ်ရင်းတွေနဲ့ လုံလောက်တယ်လို့ ရဲမှူး ဦးစိန်ထွန်းက ပြောပါတယ်။

အခုအခါ မန္တလေးမြို့ကို ပြည်ထဲရေး ဝန်ကြီးနဲ့ ရဲချုပ်တို့ ရောက်ရှိနေပြီး လုံခြုံရေး ချထားတဲ့ နေရာတွေကို လိုက်လံ ကြည့်ရှုခဲ့သလို တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

ဆူပူ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းထားသူပေါင်း အခုအခါ ၁၆ဦး ရှိသွားပြီလို့ သိရပါတယ်။