ဆဲဗင်းဇူလိုင် တောင်းဆိုချက် အလှမ်းဝေးဆဲ

  • 6 ဇူလိုင် 2014
student union
Image caption ဖြိုချ ခံရတဲ့ သမဂ္ဂ အဆောက်အအုံ

၁၉၆၂ က ရန်ကုန် တက္ကသိုလ် ကျောင်းသား ဆန္ဒပြမှုကို အကြမ်းဖက် ဖြိုခွဲ နှိမ်နင်း ခဲ့တာ ၅၂ နှစ် ရှိခဲ့ပါပြီ။

ဆဲဗင်း ဇူလိုင်လို့ လူသိများတဲ့ ၁၉၆၂ ဇူလိုင်လ ၇ ရက်က ကျောင်းသား ဆန္ဒပြပွဲတွေ ပစ်ခတ် ချေမှုန်း ခံရတာ၊ သမဂ္ဂ အဆောက်အအုံကို ဖြိုချ ဖျက်ဆီး ခဲ့တာ တွေကို အစိုးရ အာဏာပိုင် တွေက ခုထိ တာဝန်ယူ တောင်းပန်မှု မရှိသေး ပါဘူး။

အလားတူပဲ ကျောင်းသားတွေ အစဉ်အဆက် တောင်းဆိုခဲ့တဲ့ ကျောင်းသား ရပိုင်ခွင့်တွေ တိုးမြှင့်ပေးဖို့ကို လက်ရှိ အစိုးရထိ နှစ်ပေါင်း ၅ဝ ကျော် လိုက်လျော ဖြေရှင်းမှု မရှိဘဲ ဖြိုခွဲ ချေမှုန်းမှု တွေပဲ ကြုံတွေ့ ခဲ့ရပါတယ်။

ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့် မရှိတာ အပြင် ကျောင်းဆောင် နေခွင့် မရတာနဲ့ တက္ကသိုလ် တွေကို အပြင်ထုတ် ထား တာက အရေးကြီးတဲ့ ကျောင်းသား အခွင့်အရေး ဆုံးရှုံးမှု တွေလို့ ဆဲဗင်း ဇူလိုင် အရေးအခင်း ကို ကြုံတွေ့ လိုက်တဲ့ ရန်ကုန် တက္ကသိုလ် ပါမောက္ခ ဟောင်း ဒေါက်တာ ညီညီက ဘီဘီစီကို ပြောကြား ပါတယ်။

Image caption တက္ကသိုလ်ထဲ ဟောပြောခွင့် တားမြစ် ခံရဆဲ

ကျောင်းသား တွေ ရသင့်တဲ့ အခွင့်အရေး တွေဟာ အရင်ခေတ် ကထက် ပိုပြီး ဆုတ်ယုတ် လာတယ်လို့လဲ ဒေါက်တာ ညီညီက ပြောကြား ခဲ့ပါတယ်။

မြန်မာ နိုင်ငံက ကျောင်းသားတွေ ကမ္ဘာနဲ့ အမီလိုက် နိုင်ဖို့ ကျောင်းသား ရပိုင်ခွင့်တွေ အပြည့်ပေးဖို့ နဲ့ ကူညီ ထောက်ပံ့မှုတွေ အများကြီး လိုအပ်နေတယ်လို့ ထောက်ပြ သွားပါတယ်။

အဆောင် စည်းကမ်း တင်းကျပ်မှုတွေ လျှော့ချရေး တောင်းဆိုရာက ၁၉၆၂ အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲ ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ