ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် ကျင်းပ

  • 7 ဇူလိုင် 2014
students
Image caption ကျဆုံးသွား ခဲ့ သူတွေကို အလေးပြု

ဇူလိုင် လ ၇ ရက် နေ့ ဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံ ရေးသမိုင်းမှာ အဓိက နေရာယူခဲ့ပြီး ကျောင်း သား လှုပ်ရှားမှု သမိုင်း မှာလည်း သွေးစွန်းခဲ့တဲ့ နေ့စွဲ တခု ဖြစ်ပါတယ် ။

အရင်က ဒီ အခမ်းအနား ကျင်းပဖို့ ကြိုးစားတဲ့ ကျောင်း သားတွေ ကို ဖမ်း ဆီး အရေးယူ တာတွေ ရှိခဲ့ပေမယ့် ပြီး ခဲ့တဲ့ နှစ်က စပြီး အစိုးရက ကျောင်းသားတွေ လုပ်တဲ့ အခမ်း အနား တွေကို ခွင့်ပြုတာ တွေ ရှိလာ ပါတယ် ။

တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ကျောင်းသား ၁ဝဝ ကျော် ဟာ အင်းလျား ကန်ဘောင်က နေပြီး သမဂ္ဂ အဆောက်အဦ နေရာ ဟောင်း ရှိရာ အဓိပတိလမ်း ထိပ် ကို ချီတက် အခမ်း အနား လုပ် ခဲ့ကြပါတယ် ။

အင်္ကျီ အဖြူ လုံချည် အနက် ရောင်တွေ ဆင်တူ ဝတ်ဆင် ထားတဲ့ တက္ကသိုလ် ကျောင်းသား ကျောင်း သူ ၁ဝဝ ကျော်ဟာ လွန်ခဲ့တဲ့ ၅၂ နှစ်က စစ်အာဏာသိမ်း အစိုးရ ဒိုင်းနမိုက် နဲ့ ဖြိုချ ဖျက်ဆီး လိုက်တဲ့ ရန်ကုန် တက္ကသိုလ် သ မဂ္ဂ အဆောက်အဦ နေရာ ကို အင်းလျား ကန်ဘက် က နေ ပြည်လမ်း အတိုင်း ချီတက် လာကြတာပါ ။

ဒီနေရာ မှာ ကျဆုံးသွား ခဲ့ သူတွေကို သူတို့ ဘယ်လို အမှတ်တရ ရှိနေတယ် ဆိုတာ ပြောပြီး အလေးပြု ခဲ့ ကြပါတယ် ။

ရဲ တပ် ဖွဲ့ ဝင် အချို့ အနီးမှာ လုံခြုံရေး ယူထား ပေမယ့် နှောက်ယှက် တားဆီးတာမျိုး မရှိဘဲ အခမ်း အ နား ကို အစီအစဉ်တိုင်း ကျင်းပနိုင်ခဲ့ ပါတယ် ။

အခမ်း အနား စီစဉ် သူ တဦး ဖြစ်တဲ့ ကိုစည်သူမောင် ကတော့ ကျောင်း သား လှုပ် ရှား မှု တွေကို ကန့်သတ် မှုတွေ ရှိနေဆဲ လို့ ပြောပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ