ကျောက်ဖြူ ဇုန် မြေဈေး အဆမတန် မြင့်တက်

  • 8 ဇူလိုင် 2014
madae ဓာတ်ပုံ မူပိုင် bbc
Image caption စစ်တပ် မြေသိမ်းမှုတွေ ဆန္ဒပြ

မြေဧက (၄) ထောင်ကျော် အကျယ်အဝန်း ရှိတဲ့ ရခိုင် ပြည်နယ်၊ ကျောက်ဖြူ အထူး စီးပွားရေး ဇုန်စီမံကိန်း ဧရိယာ တလျှောက် မြေဈေးတွေ အဆမတန် မြင့်တက် နေပါတယ်။

လက်ရှိမှာ ဒေသခံတွေ လုပ်ကိုင်တဲ့ လယ်မြေတွေကို ဂရန် မရှိတဲ့ အတွက် စစ်တပ်က သိမ်းယူမှုတွေ လည်း ရှိနေပါတယ်။

အထူး စီးပွားရေး ဇုန် ဧရိယာက ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ စည်မော သစ်ပုပ်တောင်၊ စစ်တော စတဲ့ ရွာတွေ တလျှောက် လယ်မြေ ဈေးတွေ က အဆပေါင်းများစွာ မြင့်တက် သွားတာ ဖြစ်ပါတယ်။

မြေတွေကို စီးပွားရေး သမားတွေ က အရောင်းအဝယ် လုပ်နေသလို စစ်တပ် ကလည်း သိမ်းယူမှု တွေ ရှိတယ်လို့ ဒေသခံ ရွာသား တဦး က ပြောပါတယ်။ စီးပွားရေး ဇုန်မှာ ပါတဲ့ မြေတွေကို ဘယ်သူတွေ အရောင်းအဝယ် လုပ်နေတယ် ဆိုတာ ဒေသခံ တွေ မသိသလို ဝယ်ထားတဲ့ လယ်တွေပေါ်မှာ စီးပွားရေး သမား တွေက ရွာသား တွေကို အဌားချပြီး လယ်လုပ်ခိုင်း တာတွေ ရှိတယ်လို့ ကျောက်ဖြူ လူမှု့ ကွန်ယက်က ဦးဖုန်းနိုင်က ပြောပါတယ်။ လက်ရှိမှာ စင်္ကာပူအခြေစိုက် CPG ကုမ္ပဏီ က ကျောက်ဖြူ စီးပွားရေးဇုန် တခုလုံး ရဲ့ စီမံကိန်း ရေးဆွဲ တာကို ဆောင်ရွက် နေပြီး စီးပွားရေး ဇုန် စီမံ ခန့်ခွဲရေး ဆပ်ကော်မတီ က စီမံကိန်း ဧရိယာ ထဲမှာ ပြည်ပ ကုမ္ပဏီ တွေ ရင်းနှီး မြုပ်နှံဖို့ ဇူလိုင်လ (၇) ရက်က စင်ကာပူ မှာ တင်ဒါ ဈေးကွက် ရှာဖွေ ခဲ့ပါတယ်။

အမေရိကန် ဒေါ်လာ သန်းပေါင်း (၂၂၇) သန်း ကုန်ကျစရိတ် ရှိမယ်လို့ ခန့်မှန်း ထားတဲ့ အထူး စီးပွားရေးဇုန် မှာ ရင်းနှီး မြုပ်နှံလိုတဲ့ နိုင်ငံတကာ ကုမ္ပဏီ တွေကို ဒီဇင်ဘာ လမှာ ရွေးချယ်မှာ ဖြစ်ပြီး စီမံကိန်း လုပ်ငန်း တွေကိုတော့ လာမယ့်နှစ် အစောပိုင်းမှာ စဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ