ငြိမ်းချမ်းရေးမှာ အများအသံ ပါဝင်သင့်

  • 10 ဇူလိုင် 2014
conflict_mpc_ ဓာတ်ပုံ မူပိုင် MPC
Image caption မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လူထုပါဝင်ခွင့် ရဖို့ နဲ့ ပတ်သက်ပြီး မီဒီယာ နဲ့ အရပ်ဘက် အဖွဲ့တွေ အကြား ဆွေးနွေးပွဲ ကို ရန်ကုန်မှာ ဇူလိုင် ၆ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ မီဒီယာ ဖွံဖြိုးရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Internews က ကြီးမှူး ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ အရပ်ဘက် လူမှု အဖွဲ့အစည်း အဖွဲ့ (၁၀)ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး လူထုကို အသိပညာပေးဖို့နဲ့ အများ ပြည်သူတွေရဲ့ သဘောထားတွေ ပါဝင်ခွင့်ရဖို့ အဓိကထား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အခုလုပ်ဆောင်နေကြတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ လူတွေ ခန်းလုံး ပြည့်နေပေမယ့် ပြည်သူတွေကို ကိုယ်စားပြုတဲ့ အသံ မပါဝင်ဘဲ ဖြစ်နေတယ် လို့ မြန်မာ-ကချင် ငြိမ်းချမ်းရေးကွန်ယက် က မမေစံပယ်ဖြူ က ဝေဖန်ခဲ့ပါတယ်။

ပြည်သူထုကို ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ ပတ်သက်ပြီး အသိပေးမှသာ ဒီမိုကရေစီ နည်းကျတာ ဖြစ်တယ် ဆိုပြီးတော့လည်း ချင်း လူမှုကွန်ယက် က ဆလိုင်းအိုက်ဇက်ခင် က ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီးကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မီဒီယာရဲ့ အခန်းကဏ္ဍ အရေးပါပုံကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အစိုးရနဲ့ လက်နက်ကိုင်တွေ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ ပါဝင်ခွင့် မရသေးသလို၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဟာ ပွင့်လင်း မြင်သာမှု မရှိဘူး ဆိုပြီး ဝေဖန်တာ တွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ