ILO နဲ့ ကုန်သည်စက်မှုအသင်း စာချူပ်ချူပ်

  • 10 ဇူလိုင် 2014
_ilo_logo_ ဓာတ်ပုံ မူပိုင် UN
Image caption အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချူပ် ILO

မြန်မာနိုင်ငံ ကုန်သည် စက်မှုအသင်းချုပ် UMFCCI နဲ့၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO တို့ အကြား၊ ၂-နှစ် ကြာ သက်တမ်း ရှိတဲ့ နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ပြီး၊ ဒီ သဘောတူမှု အရ ILO အနေနဲ့ ပြည်တွင်း စီးပွားရေး အသိုင်းအဝန်း ကို စွမ်းရည် မြှင့်တင်ရေး သင်တန်းတွေ ပေးလာမှာ ဖြစ်ပါတယ်။

ILO အနေနဲ့ အစိုးရရဲ့ အလုပ်သမားရေးရာ မူဝါဒ ပေါ်လစီ ချမှတ်ရေးတွေ မှာ အကူညီပေးမှာ ဖြစ်သလို၊ အလုပ်သမားနဲ့ အလုပ်ရှင် အကြား အငြင်းပွားမှုတွေ ပြေလည်အောင် ညှိနှိုင်း လျှော့ချနိုင်ဖို့ ရည်ရွယ်တယ် လို့လည်း သိရပါတယ်။

ILO အနေနဲ့ နိုင်ငံတကာ မှာ ကျင့်သုံးနေ တဲ့ နည်းနာတွေ ကို ဝေမျှ အကြံဉာဏ် ပေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပေမယ့်၊ တကယ်တမ်း ဒါတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရဘက်က ဖြစ်ပါတယ် လို့ မြန်မာနိုင်ငံ ဆိုင်ရာ ILO ရုံး ရဲ့ ဆက်ဆံရေး အရာရှိ စတိဗ်မာရှယ် က ပြောပါတယ်။

ဒီ သဘောတူညီချက် ကနေ အခု မြန်မာပြည်မှာ ကိုင်တွယ်ဖို့ လိုအပ်နေသေးတဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး နဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာ တွေကို ILO အနေနဲ့ အကြံဉာဏ် ပေးတာတွေ ပိုမို လုပ်ဆောင်နိုင် ဖို့ မျှော်လင့် ရပေမယ့်၊ ဒီ ပြဿနာတွေ ကို ILO က တိုက်ရိုက် ကြားဝင် ဆောင်ရွက်မှာ မဟုတ်ဘူးလို့ လည်း Steve Marshall စတိဗ်မာရှယ် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ