မဲ့လ ဒုက္ခသည်စာရင်း ထိုင်းကောက်ယူမယ်

  • 10 ဇူလိုင် 2014
maela ဓာတ်ပုံ မူပိုင် bbc
Image caption မဲ့လစခန်းက ကလေးတွေ

လာမယ့် သီတင်းပတ်ထဲ မှာ ထိုင်းနိုင်ငံ၊ တာခ်ခရိုင်က အကြီးဆုံး မြန်မာ ဒုက္ခသည်စခန်း မဲ့လမှာရှိတဲ့ လူဦးရေစာရင်း ကို ထိုင်းအာဏာပိုင် တွေ ကောက်ယူတော့ မှာ ဖြစ်ပါတယ်။

ဒီလို စီစစ် ကောက်ယူတာ ဟာ လက်ရှိ ထိုင်း စစ်အာဏာသိမ်း ကောင်စီ ရဲ့ အမိန့်ကြောင့် လို့ ခရိုင် လုံခြုံရေး အရာရှိတွေ က ဆိုပါတယ်။

ဒုက္ခသည် အရေအတွက် တိတိကျကျ သိရအောင် နဲ့ အထောက်အထား မရှိတဲ့ လူတွေအတွက် သက်သေခံ အထောက်အထား တွေ ရရှိ သွားနိုင်အောင် ဖြစ်တယ် လို့ တာခ်ခရိုင် အုပ်ချုပ်ရေးမှူး နိုင်ဆုမ်ချိုင်က ဘီဘီစီ ကို ပြောပါတယ်။

လာမယ့် ဂျူလိုင် ၁၈ ရက်နေ့ မှာ မဲ့လစခန်း ဇုံအေမှာရှိတဲ့ အေဝမ်းနဲ့ အေတူးက မိသားစုအားလုံး ရဲ့ စာရင်းကို ထိုင်းအာဏာပိုင် တွေ ကောက်ယူလိမ့်မယ် လို့ စခန်းကော်မီတီ ဒုဉက္ကဌ စောသာခဲက ပြောပါတယ်။

တာခ်ခရိုင် အုန်းဖန်းမြို့နယ်ထဲ က အုန်းဖန်း ဒုက္ခသည်စခန်း နဲ့ ဖုဖ်ဖရ မြို့နယ်ထဲ က အုန်းပြန့် ဒုက္ခသည် စခန်းတွေ မှာ စီစစ်မှုတွေ ကို စတင်ခဲ့ပြီး၊ အပြီးသတ် စာရင်း ကောက်ယူ ဖို့ ရက်အနည်းငယ် ထပ်မံ အချိန်ယူရမယ် လို့ ထိုင်း တာဝန်ရှိသူတွေ က ဆိုပါတယ်။

အခုလို လူဦးရေ စာရင်း စီစစ် ကောက်ယူနေမှု တွေဟာ ဒုက္ခသည်တွေ ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ မဟုတ်ဘူး လို့ ထိုင်းအာဏာပိုင်တွေ ကတော့ ပြောထားပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၂ နိုင်ငံ စစ်ဘက် ခေါင်းဆောင် တွေ တွေ့ဆုံခဲ့တဲ့ ဖြစ်ရပ် အပါအဝင်၊ ထိုင်း ပြည်တွင်းလုံခြုံရေး ကောင်စီက မြန်မာ ဒုက္ခသည် တွေ နေရပ်ရင်း ပြန်နိုင်ရေး ကိစ္စဆိုပြီး မဲဆောက်မြို့ မှာ ဆွေးနွေးခဲ့တာ တွေဟာ မြန်မာဒုက္ခသည် တွေ အကြား စိုးရိမ်စရာ ဖြစ်လာနေပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ