ယူနတီ ဂျာနယ် သတင်းထောက်တွေ ထောင်ကျ

  • 10 ဇူလိုင် 2014
myanmar journal ဓာတ်ပုံ မူပိုင် AFP
Image caption သတင်းမီဒီယာ တွေ ဖမ်းဆီး စွဲဆိုမှု တွေ များလာ

မကွေးတိုင်း ပေါက်မြို့နယ် က ကာကွယ်ရေး ပစ္စည်း စက်ရုံ အမှတ် ၂၄ ရဲ့ အကြောင်း ရေးသား ခဲ့လို့ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရား စွဲ ခံထားရတဲ့ ယူနတီ ဂျာနယ် သတင်း သမား ၅ ဦးကို ပခုက္ကူ ခရိုင် တရားရုံး က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ပါတယ်။

ပခုက္ကူ ထောင်မှာ ဖမ်းထားတဲ့ ယူနတီ ဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ကိုလူမော်နိုင် ၊ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော် နဲ့ ကိုစည်သူစိုး တို့ ၅ ဦးကို စွဲဆို ထားတဲ့ ပုဒ်မရဲ့ အမြင့်ဆုံး အပြစ်ဒဏ် ကို ချမှတ် လိုက်တာပါ။

ဒီအမှုမှာ အစအဆုံး ရှေ့နေလိုက် ပေးတဲ့ ရှေ့နေ ဦးရောဘတ် ဆန်းအောင် ကတော့ အဆင့်ဆင့် အယူခံတက် သွားမယ်လို့ ပြောပါတယ်။ ။

ပြစ်ဒဏ် စီရင်ခံ ရတဲ့ သတင်းသမား ၅ ဦးလုံး ဟာ ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ်၂၄ ရဲ့ အကြောင်းကို လျှို့ဝှက် ဓာတု လက်နက် စက်ရုံ ဆိုပြီး ရေးသား ဖော်ပြ ခဲ့လို့ ဇန်နဝါရီလ ကုန်က ဖမ်းဆီး ခံရတာ ဖြစ်ပါတယ် ။

သူတို့ကို အီတလီနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Sala Bangaza မြို့တော်ဝန် က လွတ်လပ်စွာ ပြောဆို ရေးသားသူ တွေကို ပေးတတ်တဲ့ ဂုဏ်ထူးဆောင် မြို့သားဆု ကို ပြီးခဲ့တဲ့လက ချီးမြင့်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ