ယူနတီ သတင်းထောက်တွေ အတွက် ဆုတောင်း

  • 11 ဇူလိုင် 2014
unity
Image caption ယူနတီ သတင်းထောက် တွေ ထောင် ၁ဝ နှစ်ချ

အကျဉ်းကျခံ ယူနတီ သတင်းထောက် တွေ အတွက် မြန်မာ ဂျာနယ်လစ် ကွန်ယက် က သတင်း သမား ၁ဝဝ လောက် ဝါဆို လပြည့် နေ့မှာ ရန်ကုန် က ကြေးသွန်း ဘုရားကြီးမှာ စုဝေး ဆုတောင်း ခဲ့ကြ ပါတယ်။

ဒီသတင်း သမားတွေ အတွက် မြန်မာ ဂျာနယ်လစ် ကွန်ယက်က တောင်းဆို ကန့်ကွက်မှုတွေ လုပ်သွားမယ်လို့ ဆဲဗင်းဒေး သတင်းစာ သတင်းထောက်ချုပ် ကိုအောင်သူရက ပြောပါတယ်။

ပြစ်ဒဏ် ချမှတ်မှု တွေဟာ ပြင်းထန် လှတဲ့ အတွက် သတင်း မီဒီယာ လောကကို ခြိမ်းခြောက် နေသလို ရှိတယ် လို့လဲ ဆိုပါတယ်။

မီဒီယာ လောကသား တွေ ဘက်က မပေါ့မဆနဲ့ ကျင့်ဝတ် ပီပြင်စွာ လုပ်ဆောင် သွားဖို့လဲ ရှိတယ်လို့ ပြောကြား ခဲ့ပါတယ်။

မြန်မာ သတင်း သမား တွေ ဘက်က အစိုးရ ဖွဲ့ပေးတဲ့ စာနယ်ဇင်း ကောင်စီက နုတ်ထွက်တာ၊ သမ္မတ ဦးသိန်းစိန်နဲ့ ရုပ်ရှင် သရုပ်ဆောင် တွေ စနေနေ့မှာ တွေ့ဆုံတဲ့ အခါ မှာ သတင်းထောက် တွေ ဘက် က ကင်မရာ တွေ ချထား ပြီး ဆန္ဒပြဖို့ လိုလား နေကြတယ် လို့လဲ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ