ဦးသိန်းစိန်နဲ့ တွေ့ဆုံပွဲ မီဒီယာ ဆန္ဒပြ

  • 12 ဇူလိုင် 2014
journalists
ကင်မရာတွေ ရှေ့ချပြီး မီဒီယာတွေ ဆန္ဒပြကြ

ဒီကနေ့ ရန်ကုန်က မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ရုပ်ရှင် သရုပ်ဆောင် တွေ တွေ့ဆုံပွဲ အပြင် ဘက်မှာ ဆန္ဒပြမှု တွေ ရှိခဲ့ပါတယ်။

ယူနတီ ဂျာနယ် သတင်းထောက် တွေကို ထောင် ဆယ်နှစ် ချခဲ့တာကို ကန့်ကွက်တဲ့ မြန်မာ သတင်းသမား တရာ လောက်က ငြိမ်းချမ်းရေး စင်တာ ရှေ့မှာ ဆန္ဒပြ ခဲ့တာပါ။

မူလက အထဲမှာ ဝင် ဆန္ဒပြဖို့ ရှိပေမယ့် MPC ဘက်က ပိုင်နက် ကျူးလွန်မှုနဲ့ စွဲဆိုမယ်လို့ ခြိမ်းခြောက် လာလို့ အပြင်မှာပဲ ဆန္ဒပြ ခဲ့တယ်လို့ ဆန္ဒပြတဲ့ ထဲ ပါဝင်တဲ့ ဧရာဝတီ သတင်းထောက် ကို သာလွန် ဇောင်းထက်က ပြောပါတယ်။

သတင်းထောက် တွေကို ဖမ်းဆီး ထောင်ချ မှုတွေ ဆက်တိုက် ဖြစ်နေတာမို့ မီဒီယာ ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ ခုလို ပထမဆုံး အကြိမ် သမ္မတ နားထိ ဆန္ဒပြ ကြတာ လို့လဲ ပြောပါတယ်။

သတင်းသမား အချို့ ပါလာတဲ့ ကင်မရာတွေ ရှေ့ချပြီး နှုတ်ခမ်း အဝတ်စည်းကာ မီဒီယာ ဖိနှိပ်မှု အဆုံးသတ်ဖို့ ဆန္ဒပြ ခဲ့ကြပါတယ်။

ခွင့်ပြုချက် မယူဘဲ ဆန္ဒပြ သူ အားလုံးကို ဥပဒေ နဲ့ အညီ အရေးယူ ဆောင်ရွက် သွားမယ် လို့လဲ ကမာရွတ် မြို့နယ် ရဲမှူးက ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ