ပြည်တွင်းမှောင်ခိုသွင်းမှု ဒေါ်လာ ၁၈သန်းဖိုးရှိ

  • 14 ဇူလိုင် 2014
smugglers_boat_ ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်တွင်း ကို တရားမဝင် မှောင်ခိုဝင်

မှောင်ခိုကုန်စည်တွေ ဟာ ရေလမ်း၊ ကုန်းလမ်း မှောင်ခို လမ်းကြောင်း အဆင့်ဆင့် ကနေ တင်သွင်းခဲ့တာ ဖြစ်ပြီး၊ ဒီတနှစ်ခွဲ အချိန် အတွင်းမှာ ဒေါ်လာ ၁၈ သန်းဖိုး ရှိခဲ့တဲ့ အကြောင်း၊ကုန်သည် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် က ပြောပါတယ်။

ကုန်စည်တွေ ရဲ့ အဓိက ဝင်ပေါက် က တရုတ်၊ ထိုင်းနိုင်ငံ တို့ ဖြစ်သလို၊ ဒီနိုင်ငံတွေ ကို ကျော်ပြီး တခြားနိုင်ငံ တွေ က တဆင့် ဝင်တာလည်း ရှိပါတယ်။ အဓိက ဝင်လာတဲ့ ကုန်တွေ ထဲမှာ စားသောက်ကုန်တွေ၊ စက်ပစ္စည်းနဲ့ ဆေးဝါး၊ အမြတ်အစွန်း များများရနိုင်တဲ့ ပစ္စည်းတွေ ဖြစ်ကြောင်း၊ ကုန်သည် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် မှ ဒုဥက္ကဌ က ဘီဘီစီ ကို ပြောပါတယ်။

ကုန်စည် အရည်အသွေး ကို သေချာ မထိန်းချုပ်နိုင် တဲ့ အတွက်၊ အစား အသောက် နဲ့ ဆိုးဆေး ပြဿနာ ရှိကြောင်း၊ အစိုးရ အနေနဲ့ လည်း အခွန်ဝင်ငွေ ဆုံးရှုံးကြောင်း လည်း ရှင်းပြပါတယ်။

လောင်စာ နဲ့ စက်သုံးဆီ မှောင်ခိုတင်သွင်းမှု နဲ့ ရေရှည်မှာ မှောင်ခိုပြဿနာ ထိန်းချုပ်နိုင်ရေး ကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ ရှိကြောင်းလည်း၊ ကုန်သည် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် မှ ဒုဥက္ကဌ က ဘီဘီစီ ကို ပြောပါတယ်။