တာချီလိတ်မြေပြို လူ ၇ ဦး သေဆုံး

  • 13 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် google

တနင်္ဂနွေ မနက်ပိုင်း ၁ နာရီက တာချီလိတ်မြို့ ဝမ်ကောင်း ရပ်ကွက် ကချင် ရွာမှာ မြေပြိုမှု ဖြစ်ပွား ခဲ့တာကြောင့် မိသားစု နှစ်စု မြေပိပြီး လူ(၇) ဦး သေဆုံး သွားခဲ့ ပါတယ်။

သေဆုံးတဲ့ အထဲမှာ ကလေး နှစ်ဦး ပါဝင်ပြီး၊ အိမ် အနောက်ဘက် တောင် ကမ်းပါးယံ ကို ကျောက်အုတ် တံတိုင်း ဆောက်လုပ် နေထိုင်တဲ့ နေရာမှာ၊ လေရော မိုးပါ ရွာသွန်းခဲ့ တာကြောင့် တောင်ပေါ်က မြေပြို ကျပြီး လူ နေအိမ်ကို ဖိမိကာ မြေပိ ခဲ့တာ ဖြစ်ပါ တယ်။

အိမ်ရှင် အိမ်ငှား နှစ်ဦး နေထိုင် ခဲ့ရာ မိသားစု နှစ်ခုက လူ(၇) ဦး သေဆုံး ခဲ့တာလို့ တာချီလိတ်မြို့ နာရေး ကူညီမှု အသင်းက ဦးလှမိုးက ပြောပါတယ်။

အိမ်ငှား မိသားစုတွေ ဖြစ်တဲ့ ဦးခင်မောင်သောင်း၊ မဝင်းဆန်း၊ သားဖြစ်သူ(၁၂) နှစ် အရွယ် ရန်လင်းအောင်၊ (၇) နှစ် သမီး သဲစုအောင် တို့ပါ သေဆုံး သွားခဲ့ ပါတယ်။

မြေပြိုတဲ့ အချိန်မှာ နာရေး ကူညီမှု အဖွဲ့ မီသတ် တပ်ဖွဲ့ဝင်တွေ တပ်မတော်သား တွေပါ ပါဝင် ကူညီ ခဲ့ကြပြီး သေဆုံးသူ တွေကို ခက်ခက် ခဲခဲ ထုတ်ယူ ခဲ့ပြီး နာရေး ကိစ္စတွေ ကို ဆောင်ရွက်ဖို့ ပြင်ထားပြီး ပြီလို့ တာချီလိတ် နာရေး အဖွဲ့ ဦးလှမိုးက ပြောပါတယ်။

သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူ တွေ ဗျူဟာမှူးတို့က လာရောက် အားပေးခဲ့ ကြပြီး တာချီလိတ်မြို့ ၁ဝ မိုင် အကွာက ရွာတွေ မှာလည်း ရေကြီး ရေမြုပ် နေပေ မယ့် အဲဒီမှာတော့ သေဆုံး တာတွေ မရှိပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ