မဲဆောက် ထိုင်းလူမှောင်ခိုဂိုဏ်း ကိုဖမ်း

  • 15 ဇူလိုင် 2014
mae sot ဓာတ်ပုံ မူပိုင် burmese
Image caption အာဏာသိမ်း ပြီးနောက် လူမှောင်ခိုတွေကို ပိုဖမ်း

ထိုင်းနိုင်ငံ မဲဆောက် မြို့နယ် မှာ ခိုးဝင် လာတဲ့ မြန်မာ ၃၄ ယောက်ကို လူမှောင်ခို ဂိုဏ်း က ထိုင်း ၄ ယောက်နဲ့ အတူ နယ်မြေခံ စစ်တပ်နဲ့ ရဲ ပူးပေါင်းပြီး အင်္ဂါနေ့ မနက် က ဖမ်းလိုက် ပါတယ်။

စစ်တပ် အာဏာသိမ်း ပြီးကတည်း ထိုင်းမှာ လူမှောင်ခိုဂိုဏ်း တွေကို ဖမ်းဆီးမှုတွေ ပိုလုပ်လာ ပါတယ်။

ထိုင်းစစ်တပ် အာဏာသိမ်းပြီး ကတည်းက ဥပဒေနဲ့ မကင်းတာကို တစိုက်မတ်မတ် လိုက်ဖမ်း လာတဲ့အတွက် ပြည်သူ တွေက အားကိုး တကြီး တိုင်တန်း လာပါတယ်။

ဒါကြောင့် အဖမ်းအဆီး တွေ ပိုများ လာတယ်လို့ မဲဆောက်က ဝါရင့် သတင်းထောက် စုမ်ကျစ် ရွန့်ကျမ်ရတ် ရတ်စ်မီ က ရှင်းပြပါတယ်။

တရားမဝင် ခိုးဝင်တာ ဖမ်းတာတင် မဟုတ်ဘဲ သစ်ခိုးခုတ်မှု၊ လောင်းကစား စတာ တွေကိုလည်း ဖမ်းဆီး အရေးယူ ပါတယ်။

တခြားဌာနတွေ ကတော့ အဂတိ လိုက်စားပြီး နှစ်ချီ လျစ်လျှူရှု ထားတာကို စစ်တပ်က လိုက်ပြီး ဖြေရှင်း နေတယ်လို့ ပြောသွား ပါတယ်။

စစ်တပ် မရှိရင် အရင်လို အဂတိ လိုက်စားမှု တွေ ပြန်ဖြစ် လာနိုင်လို့ မြန်မာ အလုပ်သမား တွေကို တရားဝင် ဖြစ်အောင် လုပ်ပေးဖို့၊ နိုင်ငံကူး လက်မှတ်နဲ့ အလုပ် လုပ်ခွင့် အလွယ်တကူ ရဖို့ လုပ်ပေး ရမှာ ဖြစ်ပါတယ်။

မြန်မာ အလုပ်သမား တဦး ထိုင်းနိုင်ငံ အတွင်း ခိုးဝင်ဖို့ ကျပ်ငွေ ၄ သိန်း အထက် ကုန်ကျပါ တယ်။

တရားဝင် နိုင်ငံကူး လက်မှတ်နဲ့ ကလည်း အဲ့ဒီလောက် ကုန်ကျတယ်။

တရားဝင် နိုင်ငံကူး လက်မှတ်နဲ့ အလုပ်လုပ်ဖို့ က ကန့်သတ်ချက်တွေ များလို့ ခိုးဝင် ကြတာ ဖြစ်ပါတယ်။

အဖမ်းခံ ရရင်တော့ မြန်မာ နိုင်ငံသားတွေကို နယ်စပ်ကို ပြန်ပို့ပြီး လူမှောင်ခို တွေကို တော့ တရားစွဲဆို အရေးယူ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ