ကန့်ဘလူတောင်သူတွေ ထောင်ဒဏ်ကျ

  • 17 ဇူလိုင် 2014

ထွန်တုံးတိုက်ပွဲ ဆင်နွှဲတဲ့အတွက် တရားစွဲခံနေရတဲ့ ကန့်ဘလူ မြို့နယ်က လယ်သမား သုံးလေးရာထဲက တောင်သူ ၁၈ ယောက်ကို ဒီကနေ့ ထောင်ဒဏ်တွေ ချလိုက်ပြီး ရွေဘိုထောင်ကို ပို့လိုက်ပါတယ်။

သူတို့ကို ကန့်ဘလူ မြို့နယ် တရားရုံးမှာ အကျိုးဖျက်စီးမှု၊ ပိုင်နက်ကျူးလွန်မှုတွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၃ လကနေ ၃ နှစ်ထိ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တာပါ။ တရားစွဲခံထားရပြီး ဒီကနေ့ စီရင်ချက်ချမှတ်ခံရသူတွေအကြောင်း ပြောပြတာကတော့

တောင်သူတွေထဲက ကိုကျော်ထွန်းနိုင်က စုစုပေါင်း ၁၂ မှု၊ စိုးထွန်းနိုင်က ၆ မှု၊ ဒေါ်စိုးက ၆ မှု အပါအဝင် ကျန်တဲ့သူတွေကလည်း နှစ်မှုသုံးမှုစီနဲ့ တစ်မှုကို ထောင် ၃ လစီး ချလိုက်တာ ဖြစ်ပါတယ်။

ကန့်ဘလူတရားရုံးမှာ ဘေးပတ်ဝန်းကျင်ရွာတွေက တောင်သူတွေရော အမှုချိန်းတဲ့ တောင်သူတွေရောများတာကြောင့် စစ်ကိုင်းတိုင်လုံခြုံရေးဝန်ကြီးကိုယ်တိုင် ကြီးကြပ်ပြီး ရဲတပ်ဖွဲ့အလုံးအရင်းနဲ့ လုံခြုံရေးယူထားရတယ်လို့ သူတို့လိုပဲ တရားစွဲ ခံရပြီး စီရင်ချက် ချမယ့်နေ့ကို စောင့်နေတဲ့ ငှက်ပျောတိုင်းရွာက တောင်သူ ကိုဇော်နိုင်ဦးက ပြောပါတယ်။

တရားခွင်ကို မိသားစုတောင် ကြားနာခွင့် မရဘဲ စီရင်ချက်ချခံရသူတွေကို ရွှေဘိုထောင်ကိုခေါ်သွားကာမှ စီရင်ချက် ချပြီးတာကို အားလုံးသိရတယ်လို့ သတင်းရပါတယ်။

ကန့်ဘလူ မြို့နယ်ထဲမှာ မြေဧက သုံးထောင်ကျော်ကို တပ်မ ၃၃ လက်အောက်ခံ တပ်ခွဲ ၅ ကြံစိုက်ပျိုးရေးတပ်ကနေ ၁၉၉၇ ခုနှစ်မှာ သိမ်းခဲ့တာကနေ ဒီအမှု စခဲ့တာပါ။ အဲဒီ သိမ်းထားတဲ့ မြေတွေကို ပြန်ရလိုမှုနဲ့ လယ်သမားတွေက လှုပ်ရှားမှု အမျိုးမျိုး လုပ်ပြီး တောင်းဆိုခဲ့လို့ ၂၀၁၃ မတ်လက သက်ဆိုင်ရာကနေ မူလပိုင်ရှင်တွေကို ပြန်အပ်တယ် ဆိုပြီး ပေးခဲ့ပါတယ်။

ဒါပေမယ့် အရင်စစ်တပ် သိမ်းထားတုန်းက သီးစားခနဲ့ လုပ်ကိုင်နေသူတွေက ထွက်မပေးလို့ ဒီမြေတွေပေါ်ကို မူလပိုင်ရှင်တွေက အတင်း ဝင်ရောက် ထွန်ယက်ရာကနေ သီးစားခနဲ့ ငှားရမ်းထားသူတွေက မူလပိုင်ရှင် တောင်သူတွေကို တရားပြန်စွဲလို့ ခုလို ထောင်ဒဏ်တွေ အပြစ်ပေးခံရတာ ဖြစ်ပါတယ်။

ဒီကိစ္စကို မြေပြန်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားပေမယ့် အရေးယူဆောင်ရွက်ပေးတာမရှိသေးဘူးလို့သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ