၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု အဆုံးသတ်

  • 19 ဇူလိုင် 2014
nld ဓာတ်ပုံ မူပိုင် AFP
Image caption ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်ကမ်း စာရွက်

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD ပါတီရဲ့ လှုပ်ရှားမှုကို ဇူလိုင်လ ၁၉ ရက်မှာ အဆုံးသတ် ခဲ့ပြီ ဖြစ်ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ နှစ်လည် မေလ ၂၇ ရက်က စတင် ကောက်ခံခဲ့တဲ့ ၂ လ နီးပါး ကြာမြင့်တဲ့ လှုပ်ရှားမှု အတွင်း လူထု လက်မှတ် ၅ သန်းကျော် ရရှိထားပြီး ဒီလကုန်မှာ အပြီးသတ် စာရင်း ထုတ်ပြန် နိုင်လိမ့်မယ်လို့ NLD မိတ္ထီလာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြား ပါတယ်။

ဒီလက်မှတ် စာရင်းတွေကို လွှတ်တော်မှာ တင်သွင်းမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

အကယ်၍ လွှတ်တော် ဘက်က ဒီစာရင်း ကောက်ခံမှု ရလဒ်ကို မသိကျွိုးကျွံ ပြုထားမယ် ဆိုရင် တခြား နည်းလမ်းတွေနဲ့ ဆက်ပြီး လှုပ်ရှား ဆောင်ရွက်မယ်၊ လူထု ထိခိုက်မှု အနည်းဆုံးနဲ့ ဥပဒေ ဘောင်တွင်းက ဆောင်ရွက် သွားမယ်လို့ ဦးဝင်းထိန်က ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ