မန္တလေး ပဋိပက္ခ တိုင်ကြားမှု ရှင်းလင်း

  • 20 ဇူလိုင် 2014
mandalay
Image caption မန္တလေး ငြိမ်းချမ်းရေး သံဃာ့ သြဝါဒယူ

မန္တလေး ဘာသာရေး ပဋိပက္ခ ကို စတင် မီးမွှေး ပေးခဲ့တဲ့ မတရား ပြုကျင့်မှု အဖြစ် တိုင်ကြားခဲ့မှု ၂ ခုဟာ လီဆယ် တိုင်တန်း ခဲ့တာတွေ ဖြစ်တယ် လို့ ပြည်ထဲရေး က စနေ နေ့က ထုတ်ပြန် ခဲ့ပါတယ်။

ဒီ တိုင်တန်းမှု တွေဟာ မန္တလေး ပဋိပက္ခ ဖြစ်စေတဲ့ အကြောင်း တချက် ဖြစ်ပေမယ့် ပဋိပက္ခ ဖြစ်ပေါ် စေတဲ့ တခြား အကြောင်း တွေကိုလဲ ဖြေရှင်း အရေးယူဖို့ လိုနေတယ်လို့ ပြောဆို ဝေဖန်မှုတွေ ရှိနေပါတယ်။

မန္တလေးသူ မန္တလေးသား အများစု ကတော့ ဒီထုတ်ပြန်ချက် တွေ မတိုင်ခင် ကထဲက ဒီအမှု အားနည်းချက် တွေကို ထောက်ဆပြီး မယုံကြည် တဲ့အတွက် ထိန်းသိမ်း ဆင်ခြင် နိုင်ခဲ့တယ်လို့ မန္တလေးက စာရေးဆရာ ဆူးငှက်က ပြောပါတယ်။

တကယ်တမ်း ဒီပဋိပက္ခ ပြေလည်ရေးနဲ့ နောက်ထပ် ဆူပူမှုတွေ မဖြစ်ပေါ်ရေး အတွက် အစိုးရ အနေနဲ့ နောက်ကွယ်က ဖန်တီးနေမှုတွေ ကို သေချာ အရေးယူ ဖို့လဲ သူက တိုက်တွန်းသွားပါတယ်။

ပဋိပက္ခ ပြေငြိမ်းရေး အတွက် ဇူလိုင် လဆန်းကစပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညမထွက်ရ အမိန့် ထုတ်ထားတာကိုလဲ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင် တွေရဲ့ ဝါတွင်း ကာလ ဘာသာရေး ဆောင်ရွက်မှု တွေ အတွက် အခက်အခဲ မရှိအောင် ဖြေလျှော့ ပေးသွားဖို့ မြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက တောင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ