ရွေးကောက်ပွဲ စည်းမျဉ်း ပြင်ရေး NLD တောင်းဆို

  • 21 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် afp getty
Image caption စည်းရုံးရေး အချိန် ရက် ၃၀ သတ်မှတ် ထားတာ ကို ရက် ၆၀ တိုးပေးရေး တောင်းဆို

လာမယ့် ကြားဖြတ်ရွေး ကောက်ပွဲ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကနေ ရွေးကောက်ပွဲ ကော်မရှင်ကို အကြံပြု ချက်တွေ တင်ပြ ခဲ့တာနဲ့ ပတ်သက် ပြီး အများ ပြည်သူ သိအောင် NLD က ကြေညာချက် တဆောင် ထုတ်ပြန် လိုက်ပါတယ်။

ရွေးကောက်ပွဲ စည်းရုံးရေး အချိန် ရက် ၃၀ သတ်မှတ် ထားတာကို ရက် ၆၀ တိုးပေးရေး တောင်းဆို ချက် အပါ အဝင် တောင်းဆိုချက် အတော် များများကို NLD က ကော်မရှင်ထံ တောင်းဆိုထား ပါတယ်။

မဲဆွယ် စည်းရုံးရေး ကာလ ကန့်သတ်တဲ့ ကြေညာ ချက်ဟာ ကော်မရှင်က လုပ်ရမယ့် ကိစ္စ မဟုတ်တဲ့ အတွက်လည်း NLD က ကန့်ကွက် ထားကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ ကော်မရှင်မှာ ပါဝင်သူ တွေဟာ နိုင်ငံရေး ပါတီဝင် အနေနဲ့ ၅ နှစ် ကင်းလွတ်သူ ဖြစ်ရ မယ်လို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

နောက်ပြီး လက်ရှိ ထုတ်ပြန် ထားတဲ့ စည်းမျဉ်း စည်းကမ်း နည်းဥပဒေ တွေကို အချိန်မီ ပြင်ဆင် နိုင်ရ မယ် လို့လည်း ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးူ အန်အဲဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ် ပြောခွင့်ရ သူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးကြည့်တော့ သူက အခုလို စပြောပါတယ်။

အသံ

ဒီသတင်းနဲ့ပတ်သက်သမျှ