AGD ရှယ်ယာ တဝက်ကျော်ကို ဦးနေဝင်းမြေး ဝယ်ယူ

  • 22 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် agd
Image caption နိုင်ငံ တကာ ဘဏ် လုပ်ငန်းနဲ့ ငွေလဲ လုပ်ငန်း လိုင်စင် ရထားတဲ့ AGD

အရင် စစ်အစိုးရ နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်တဲ့ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ရဲ့ အစု ရှယ်ယာ ၃ ပုံ ၂ ပုံ ကို အာဏာရှင် ဟောင်း ဦးနေဝင်းရဲ့ မြေး ဦးကျော်နေဝင်းက ဝယ်ယူ လိုက်ပြီးတော့ မကြာခင် လွှဲပြောင်းပြီး ရယူဖို့ အတွက် စီစဉ် နေပါပြီ။

ရှယ်ယာတွေ တစ်ချို့ကို တရားဝင် လွှဲပြောင်းပေးဖို့ ဗဟို ဘဏ်ကို တင်ထားပြီး ဘဏ်ဘက်က ဆောင်ရွက် နေပြီလည်း ဖြစ်ပါတယ်။

ဒီရှယ်ယာ ဝယ်ယူ ခဲ့တဲ့ ငွေတွေ နဲ့ ပက်သတ်ပြီး ဘယ်က ရလာတယ် ဆိုတာကို ဗဟို ဘဏ်က လိုအပ်တဲ့ စစ်ဆေး မှုတွေလည်း လုပ်နေပါပြီ။

ဦးကျော်နေဝင်း က ဒီဘဏ်ရဲ့ ရှယ်ယာ ၆၅ ရာခိုင် နှုန်း ဝယ်ထား တာဖြစ်ပြီး လာမယ့် ၆ လ အတွင်း ၈၅ ရာခိုင်နှုန်း အထိ ဝယ်ယူဖို့ ရှိတယ်လို့ သိရပြီး၊ ဒီ ရှယ်ယာတွေ ကို ပမာဏ ဘယ်လောက်နဲ့ ဝယ်ယူ ခဲ့တယ် ဆိုတာ ကိုတော့ မသိရပါ။

(AGD) ဘဏ်ဟာ အရင် စစ်အစိုးရ နဲ့ နီးစပ်တဲ့ ဦးတေဇ ရဲ့ ထူးကုမ္ပဏီက ပိုင်ဆိုင် ပြီးတော့ ၂၀၁၀ ခု နှစ်မှာ စတင် ဖွင့်လှစ် ခဲ့တာပါ။ အချိန် အတို ကာလ အတွင်းမှာပဲ နိုင်ငံ တကာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်၊ ငွေလဲ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် တို့ကို ရရှိခဲ့ကာ၊ နိုင်ငံခြားဘဏ် လုပ်ငန်း ဌာန(၁)ခု၊ ငွေလဲ ကောင်တာ (၁၈) ခု ဖွင့်လှစ် ထားပြီး ဖြစ်ပါတယ်။

အခု အခါ ဘဏ်ခွဲပေါင်း ၄၈ ဘဏ်ကို မြန်မာ နိုင်ငံ အနှံ့ အပြား ဖွင့်လှစ် ထားကာ၊ အရင်နှစ်တွေ အတွင်းက အများပိုင် ဘဏ်အဖြစ် ပြောင်းလိုက်ပြီ ဆိုပြီး ကြေညာခဲ့ တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ