ဦးဆန်းဆင့်အမှု ဇူလိုင် ၃၀ မှာ စတင် စစ်မယ်

  • 22 ဇူလိုင် 2014
U San Sint has appeared at a court in Naypyitaw ဓာတ်ပုံ မူပိုင် bb
Image caption ဦးဆန်းဆင့်ရဲ့ အမှုကို နောက်ရုံးချိန်မှာ စစစ်မယ်

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ဇူလိုင်လ ၂၂ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။

ရုံးချိန်းမှာ ဦးဆန်းဆင့် အတွက် လိုက်ပါဆောင်ရွက် ပေးမယ့် ရှေ့နေတွေက ရှေ့နေပါဝါ ယူခဲ့ကြပြီး ဇူလိုင်လ ၃၀ ရက်နေ့ နောက်ထပ် ရုံးချိန်းမှာ အမှုကို စတင် စစ်ဆေးမယ်လို့ သူ့ရှေ့က ပြော ပါတယ်။

ဦးဆန်းဆင့်ကို စတင်ဖမ်းဆီးချိန်က ယုံကြည်အပ်နှံမှု ဖောက်ဖျက်မှု ပုဒ်မ ၄၀၉ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ ရုံးချိန်းတုန်းကတော့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ထပ်တိုး စွဲဆို ခံရကြောင်း သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ တစ်ယောက် ဖြစ်တဲ့ ရှေ့နေ ဦးတင်ထွန်းက ပြောပါတယ်။

ဇူလိုင် ၃ ရက်နေ့က ရုံးချိန်းမှာ ဦးဆန်းဆင့်နဲ့ အတူ ဖမ်းဆီးခံခဲ့ရတဲ့ သူ့ရဲ့ ကိုယ်ရေး အရာရှိ ကိုပါ ရုံးထုတ်ခဲ့ ပေမဲ့ ၈ ရက်နေ့ ကျတော့ ကိုယ်ရေး အရာရှိ ကို အမှုကနေ လွှတ်လိုက်တယ် လို့လည်း ရှေ့နေ ဦးတင်ထွန်းက ပြောပါတယ်။

အဲဒီ ကိုယ်ရေး အရာရှိက တရားလိုပြ သက်သေဖြစ်သွားပြီလို့ သတင်းတွေ ထွက်နေတဲ့ အတွက် တရားလိုပြ သက်သေထဲမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ရှေ့နေတွေ အနေနဲ့ စစ်မေးရမှာ ဖြစ်ပြီး အမှုအပေါ်မှာ တစုံတရာ သက်ရောက်မှု ရှိမှာ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ