ကျောက်ဖြူ-ကူမင်း ရထားလမ်းအရေး ဆွေးနွေး

  • 24 ဇူလိုင် 2014
_train_track_railway_track_
Image caption ကျောက်ဖြူ-ကူမင်း ရထားလမ်း

ရခိုင် ပြည်နယ် ကျောက်ဖြူ ကနေ တရုတ်နိုင်ငံ ကူမင်း အထိ ဖောက်လုပ်မယ့် ကျောက်ဖြူ-ကူမင်း မီးရထားလမ်း စီမံကိန်း ပြန်လည် စတင်နိုင် ဖို့ မြန်မာအစိုးရ နဲ့ တရုတ်အစိုးရ အကြား ညှိနှိုင်းမှု တွေ ပြုလုပ်နေပါ တယ်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း မှာ တရုတ် အစိုးရဘက် က တောင်းဆိုမှုတွေ များနေတဲ့ အတွက် နှစ်ဘက် အစိုးရကြား ပြန်လည် ညှိနှိုင်း နေရတာ ဖြစ်တယ် လို့ မြန်မာ့ မီးရထား ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဘက် က တောင်းဆိုထား တဲ့ စီမံကိန်း ကုန်ကျစရိတ် ချေးငွေအတွက် အတိုးနှုန်းတွေ မြင့်မား နေသလို၊ ရထားလမ်း ကနေ ရရှိမယ့် အကျိုးအမြတ် ကို ခံစားခွင့်ကာလ Build–operate–transfer (BOT) ကာလ နဲ့ ရထားလမ်းကြောင်း ဖြတ်သန်း ဖောက်လုပ်ရာ လမ်းကြောင်း နေရာတွေ အတွက်လည်း တရုတ်အစိုးရ နဲ့ ပြန်လည် ဆွေးနွေးနေတယ် လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံဘက်က BOT ကာလကို အနှစ် ၈၀ လောက် အထိ တောင်းဆိုထား တာ ဖြစ်ပါတယ်။

ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းကို ပြီးခဲ့တဲ့၂၀၁၁ ခုနှစ်ကတည်းက နှစ်ဘက် အစိုးရ က နားလည်မှု စာချွန်လွှာ MOU (Memorandum of understanding ) ကို လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပြီး၊ အခု အချိန်မှာတော့ ဒီ MOU ဟာ သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် MOU သက်တမ်း တိုးနိုင်ဖို့၊ မကြေလည်တဲ့ အချက်တွေကို ညှိနှိုင်း နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး က သူ့နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီ စီမံကိန်းဟာ ကျောက်ဖြူ အထူး စီးပွားရေးဇုန် တခုလုံးအတွက် သာမက၊ တနိုင်ငံလုံး ဖွံဖြိုး တိုးတက်ရေး အတွက်လည်း အရေးကြီးပြီး၊ မြန်မာအစိုးရ နဲ့ ပြည်သူတွေက ထောက်ခံတယ် ဆိုရင် ဒီစီမံကိန်း ဖြစ်မြောက်ဖို့ ဆောင်ရွက် သွားမယ် ဆိုပြီး ပြောကြားခဲ့ပါ တယ်။

မီးရထား ဝန်ကြီးဌာနက တာဝန်ရှိသူကတော့၊ အခု ညှိနှိုင်း ဆွေးနွေးနေတဲ့ အချက်အလက်တွေ အပေါ် သဘောတူညီ မှု မရဘူးဆိုရင် တော့ နှစ်ဘက် MOU ကို သက်တမ်း ထပ်တိုးမှာ မဟုတ်ဘူး လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ