ဘောဒူဖ အုပ်ချုပ်ရေးမှူး အိမ် ရာချီ ဝင်လု

  • 24 ဇူလိုင် 2014
rohingya ဓာတ်ပုံ မူပိုင် Reuters
Image caption လူထောင်ချီပြီး ဒုက္ခသည် စခန်းတွေမှာ နေရဆဲ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘောဒူဖ မွတ်ဆလင် ရွာ အုပ်ချုပ်ရေးမှူးရဲ့ အိမ်ကို ဒုက္ခသည် ၅ဝဝ ခန့် ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ခန့်က ဝင် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖျက်ဆီးခံရတဲ့ အုပ်ချုပ်ရေးမှူး ဟာ ဒိန်းမတ် ကူညီ စောင့်ရှောက်ရေး အဖွဲ့(DRC) က ထောက်ပံ့ တဲ့ အစားအစာနဲ့ ပစ္စည်း အချို့ကို တာဝန်ခံ ပြီး စခန်း တွေကို လွှဲ ပေးနေသူ လို့ သိရ ပါတယ်။

ရိက္ခာ ထောက်ပံ့ ပေးတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ အတွက် မွတ်ဆလင် ဒုက္ခသည် လူအုပ်က နေအိမ်ကို ဝင်ရောက် တိုက်ခိုက် ခဲ့ကြတဲ့ အတွက် ရဲတွေက သေနတ် တွေကို မိုးပေါ် ထောင်ပစ်ပြီး လူစုခွဲ ခဲ့ရပါတယ်။

အခုလို ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးတဲ့ အတွက် တီဗီ၊စလောင်း ၊အောက် စက် ၊ ဆိုင်ကယ်တွေ အပါအဝင် အိမ်ခြံစည်းရိုး၊ ဝရံတာတွေ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ပေါ်က ပစ္စည်းတွေ ကိုလည်း ယူဆောင် သွားခဲ့ကြတယ်လို့ ဆိုတယ်။

တိုက်ခိုက် ဖျက်ဆီးရာမှာ ပါဝင်သူတွေ အနည်းဆုံး ၂ဝ ကျော် ဖမ်းဆီး ခံခဲ့ရတယ်လို့ ဘောဒူဖ ကျေးရွာ လူကြီး တဦးက ပြောပါတယ်။ ရခိုင်ပြည်နယ် တာဝန်ရှိ ရဲအရာရှိ ကတော့ ဖမ်းဆီးထားတာ ၁ဝ ဦး ရှိတယ် လို့ ပြောပါတယ်။ ဖမ်းဆီး စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒုက္ခသည်စခန်းမှာ လောလောဆယ်မှာ ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။

ဘောဒူဖ ကယ်ဆယ်ရေး စခန်းမှာ လွန်ခဲ့တဲ့ နှစ်ကလည်း ရဲကင်းတခု မီးရှို့ ဖျက်ဆီး ခံခဲ့ ရဖူးတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ