ယူနတီဂျာနယ် ဦးတင့်ဆန်းရဲ့ အယူခံကို လက်ခံ

unity_journal_chemical_weapons
Image caption နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဆိုပြီး နှစ်ရှည် ထောင်ချခံခဲ့ရတဲ့ ယူနတီဂျာနယ်

မကွေးတိုင်း ပေါက်မြို့က လျှို့ဝှက် ဓာတုလက်နက် စက်ရုံ ဆိုပြီး ခေါင်းစီးတပ် သတင်း ဖော်ပြခဲ့တဲ့ အတွက် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲပြီး၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ် ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းရဲ့ အယူခံဝင်တဲ့ အမှုကို မကွေးတိုင်း ဒေသကြီး တရားလွှတ်တော် က လက်ခံ လိုက်ပါတယ်။

အဲဒီ့ အမှုမှာ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်လင်း က သင့်လျော်တဲ့ ဥပဒေ အချက်အလက် နဲ့ ပြစ်ဒဏ်ကို ပြောင်းလဲ စီရင်နိုင်ဖို့ တရားရုံးမှာ အယူခံ တက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပေါက်မြို့က ဓာတုလက်နက်စက်ရုံ ဆိုပြီး ဂျာနယ်မှာ သတင်း ဖော်ပြခဲ့တဲ့ အတွက် ပခုက္ကူခရိုင် တရားရုံးက ဦးတင့်ဆန်းနဲ့ သတင်းထောက် (၄)ဦး ကို ဂျူလိုင်(၁၀)ရက် နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက် (၄)ဦးရဲ့ အယူခံ လျှောက်ထားတာ ကို မကွေးတိုင်း တရားရုံးက လက်ခံ ထားနှင့်ခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ ဒီအမှုမှာ ပြစ်ဒဏ် ချမှတ် ခံထားရသူ ၅ ဦးစလုံးရဲ့ အယူခံတွေ ကို တရားရုံးက လက်ခံပြီး ဖြစ်တဲ့အတွက်၊ နှစ်ဖက် လျှောက်လဲချက် ပေးဖို့ တရားရုံးတင် စစ်ဆေးတာကိုတော့ နောက်ထပ် သီတင်း(၅)ပတ် လောက် အတွင်း၊ ပြုလုပ် လာနိုင်တယ် လို့ ရှေ့နေ ဦးကျော်လင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ