ပုဒ်မ ၅၉ စ ပြင်ဖို့ ကန် လွှတ်တော် အမတ် တိုက်တွန်း

  • 25 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် အထက်လွှတ်တော် အမတ် Mitch McConnell

အမေရိကန် ကွန်ဂရက်မှာ သြဇာရှိတဲ့ နိုင်ငံရေးသမား တစ်ယောက် ဖြစ်တဲ့ အထက် လွှတ်တော် အမတ် Mitch McConnell က ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဖို့နဲ့ အရပ်သား အစိုးရ စစ်စစ် ဖြစ်လာဖို့ ထပ်မံ တိုက်တွန်း လိုက်ပါတယ်။

မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ ရပ်တန့်နေတာ တွေ့ရတယ် လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် မနှစ်က အမေရိကန်က ပယ်ဖျက်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ထဲမှာ ကျန်နေသေးတဲ့ မြန်မာ နိုင်ငံထွက် ကျောက်စိမ်းနဲ့ ပတ္တမြားတွေ အမေရိကန်ကို တင်သွင်းခွင့် ကို ပယ်ဖျက်ပေးဖို့ မမြင်သေးဘူးလို့ မစ္စတာ မက်ကော်နယ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ