ဝန်ကြီးဌာနတွေ ငွေသုံးစွဲမှု စည်းကမ်းမညီ

_hluttaw_
Image caption နေပြည်တော်က လွှတ်တော်

အစိုးရ ဝန်ကြီး ဌာနတွေ ရဲ့ ငွေကြေး သုံးစွဲမှုတွေ နဲ့ ပက်သက်ပြီး၊ ထောက်ပြ ကန့်ကွက်ထား တဲ့၊ လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ် တချို နဲ့ ဖွဲ့စည်းထား တဲ့ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ရဲ့ အစီရင်ခံစာ ကို၊ လွှတ်တော်ထဲ မှာ လုံလောက်အောင် အချိန်ပေး ဆွေးနွေး နိုင်ခဲ့ခြင်း မရှိဘူး လို့ လွှတ်တော် အမတ်တစ်ဦး က ပြောပါတယ်။

အဲဒီ့ အစီရင် ခံစာထဲ မှာ၊ စာရင်းစစ်ချုပ် ရဲ့ တရားဝင် ကန့်ကွက်ထားတဲ့ အထဲ၊ နိုင်ငံတော် သမ္မတရုံး၊ နေပြည်တော် စည်ပင်၊ နေပြည်တော်ကောင်စီ စတဲ့ ဗဟို အဖွဲ့အစည်းတွေ နဲ့ အားကာ၊ ပညာရေး၊ ကျန်းမာရေး နဲ့ ရထား ဝန်ကြီးဌာန တွေ ပါဝင်ပါ တယ်။

အစိုးရ အဖွဲ့အစည်းတွေ အနေနဲ့ ဒီလိုမျိုး စည်းကမ်းနဲ့ မညီပဲ ငွေကြေး သုံးစွဲတာတွေ ဟာ ၂၀၁၂- ၁၃ ဒုတိယ ခြောက်လပတ်မှာ ၂၄၈ ကြိမ် ရှိခဲ့ပြီး၊ ၂၀၁၃-၁၄ ပထမ ခြောက်လပတ် မှာတော့ ၂၈၉ ကြိမ် အထိ တိုးလာပါ တယ်။

ဝန်ကြီးဌာနတွေ က တင်ဒါ ခေါ်ယူခြင်း မရှိပဲ မိမိ အစီအစဉ်နဲ့ ဆောင်ရွက်တာမျိုး တွေ၊ ဘတ်ဂျက်အတိုင်း ငွေကြေးသုံးစွဲတာ မလုပ်ပဲ မဆိုင်တဲ့ ခေါင်းစဉ် အောက်မှာ သုံးစွဲတာ မျိုးတွေ၊ နိုင်ငံတော် ဘတ်ဂျက် နဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပြီး ရလာတဲ့ အကျိုးအမြတ်တွေ ကို နိုင်ငံတော် ရငွေအဖြစ် ပြန်မသွင်းပဲ တခြား စာရင်းတွေထဲ ကို ရောက်သွားတဲ့ ကိစ္စတွေ ကို ထောက်ပြ ထားတာ တွေ့ရပါ တယ်။

အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ ဆက်စပ်တဲ့ အစည်းအဝေးတွေ အတွက် ဆိုကာ၊ သမ္မတရုံးက ကျပ်ငွေ သန်း ဘီလီယံပေါင်း ၃၀ ကျော်ကို၊ ဆောက်လုပ်ရေး လုပ်ငန်းများ ဆိုင်ရာ စီစစ်ရေး ကော်မတီကို မတင်ပြပဲ သုံးစွဲ ခဲ့မှုကိုလည်း၊ အဲဒီ့ အစီရင် ခံစာထဲ မှာ ထောက်ပြ ထားပါတယ်။

ဒီလို သမ္မတရုံးရဲ့ ငွေကြေးသုံးစွဲမှု ကို ဝေဖန်တဲ့ အစီရင်ခံစာထဲ မှာ၊ ကာကွယ်ရေး ဝန်ကြီးဌာန ရဲ့ ငွေစာရင်းတော့ မပါဝင်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ