လူ့အခွင့်ရေး သံတမန် ထောက်ပြမှု အစိုးရ ပယ်ချ

  • 28 ဇူလိုင် 2014
The new U.N. human rights envoy for Burma ဓာတ်ပုံ မူပိုင် bbc
Image caption ကုလ သမဂ္ဂ လူ့ အခွင့် အရေး အထူး ကိုယ်စားလှယ်သစ် မစ္စ ယန်ဟီလီ

မြန်မာနိုင်ငံကို ၁၀ရက်ကြာ လာရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီလီ ထောက်ပြ အကြံပြုခဲ့တဲ့ အချက်တွေထဲက နိုင်ငံသား ဖြစ်ခွင့် ဥပဒေ ပြန်လည် ပြင်ဆင်ရေး အချက်ကို မြန်မာ အစိုးရက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ဒါ့အပြင် ဘင်္ဂလီတွေ နိုင်ငံသား ဖြစ်ခွင့် တောင်းဆိုမှုနဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံး အနှုန်းကို လည်း လက်မခံနိုင်ဘူးလို့ နိုင်ငံတော် သမ္မတရုံးက အကြီးတန်း အရာရှိ တစ်ယောက်က ပြောပါတယ်။

မြန်မာ နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေဟာ ဆုတ်ယုတ်နေတဲ့ လက္ခဏာ တွေ့မြင်နေရပြီး အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေး စိတ်ဆန္ဒအမှန်တကယ် ရှိရဲ့လား ဆိုတာအပေါ် မေခွန်းနေကြတာနဲ့ ပတ်သက်လို့တော့ အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒရှိတဲ့ အတွက် ကုလ သမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာမှာ မြန်မာ အစိုးရ အနေနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာကို အသိအမှတ်ပြုပြီး နိုင်ငံတကာ ကလည်း နားလည် အားပေးဖို့၊ အရင်က ကုလ သမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ်တွေ မလုပ်ခဲ့ဖူးတဲ့ ရခိုင်ဒေသခံ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို နားလည်ကြောင်း ပြောဆိုတာ၊ ရခိုင် ပဋိပက္ခတွေ ပတ်သက်တဲ့ နက်ရှိုင်းတဲ့ သမိုင်းကို သိအောင် ပိုမိုလေ့လာမယ်လို့ ပြောဆိုတာ တွေကိုတော့ ကြိုဆိုကြောင်း အဲဒီ သမ္မတရုံး အကြီးတန်း အရာရှိ က ပြောပါတယ်။

မစ္စယန်ဟီလီရဲ့ အခု လေ့လာ တွေ့ရှိချက်တွေကို ကုလ သမဂ္ဂ ညီလာခံ အစီရင်ခံစာ တင်တဲ့ အခါ သူတို့ လက်မခံနိုင်တာတွေကို မြန်မာ အစိုးရ ဘက်က ကန့်ကွက် သွားမယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ