နမ့်မခမ်းမြို့နားမှာ တပ်မတော်သား နှစ်ဦး အသတ်ခံခဲ့ရ

  • 30 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Bur Army
Image caption နမ့်ခမ်းမြို့နားမှာ တပ်မတော်သားတွေကို သတ်ခဲ့သူ လက်သည် တရားခံတွေကို စစ်ဆေး ဖေါ်ထုတ်နေ

နမ့်ခမ်းမြို့ အနီး နောင့်မတာ ရွာအနီးမှာ အင်္ဂါနေ့ မနက်ပိုင်းက တပ်မတော်သားတွေ ဈေးဝယ်က အပြန် အသတ်ခံခဲ့ရတဲ့ ကိစ္စ နဲ ပတ်သက် ပြီး တပ်ဖက်က နန့်မတာရွာကို ပိတ်ထားပြီး အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေကို ခေါ်ယူ စစ် ဆေး နေပါတယ်။

အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေကို ခေါ်ယူစစ်ဆေး တယ်ဆိုတဲ့ နေရာမှာ ရိုက်နှက်မှုတွေရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီသတင်းကို သီးခြား အတည်မပြု နိုင်ပါဘူး။

အသတ်ခံရသူဟာ နမ့်ခမ်းမြို့နယ် နောင်မတာကျေးရွာမှာ အခြေချ တပ်စွဲထားတဲ့ အစိုးရတပ် က တပ်ခွဲမှူး ဗိုလ်ကြီး ဝင်းသူရထွန်းနဲ့ တပ်ကြပ်ကြီး တဦးတို့ ဖြစ်ပါ တယ်။

သူတို့ဟာ အင်္ဂါနေ့ မနက်ပိုင်းက နမ့်ခမ်းမြို့မှာ ဈေးဝယ်ပြီး ပြန်အလာ နန့်မတာ ရွာမရောက်ခင် ကြံခင်းနဲ့ ပြောင်းခင်းတွေနားမှာ သေနတ် ဒဏ်ရာ၊ ဓါးဒဏ်ရာတွေနဲ့ သေဆုံး ခဲ့တာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းက နန့်ခမ်း မြို့နယ် အနီးက ကျေးရွာတွေမှာ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ မြန်မာ အစိုးရ တပ်တွေ အကြား ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ဒုက္ခသည် ၈၀ဝ ကျော် လောက် နန့်ခမ်းမြို့ကို ထွက်ပြေး ခိုလှုံ နေရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းမှာ အစိုးရဘက်က တပ်ရင်းတိုးပြီး တစ်ချို့ရွာတွေမှာ နေရာ ယူထားပြီး အစိုးရ စစ်တပ်အရာရှိ သေဆုံးခဲ့မှုနဲ့ နန့်မတာရွာကို ပိတ် ပြီး အခုလို ခေါ်ယူ စစ်ဆေးနေတာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပေါ်ထွက်နေတယ်လို့ ရွာခံတွေက ပြောပါတယ်။