ရွေးကောက်ပွဲ ပုံစံ လေ့လာရေး ကော်ရှင်ဖွဲ့ပြီ

  • 31 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ကော်မရှင်ကို ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဖွဲ့စည်း ပေးလိုက် တာပါ ဖြစ်ပါတယ်

မြန်မာ နိုင်ငံနဲ့ သင့်လျော်တဲ့ ရွေးကောက်ပွဲ စနစ် ပေါ်ပေါက် လာစေဖို့ လေ့လာ သုံးသပ် မယ့် ကော်မရှင် တစ်ရပ်ကို ပြည်သူ့ လွှတ်တော်မှာ ဖွဲ့စည်း လိုက် ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ရွှေပြည်သာ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး ဥက္ကဌ အဖြစ် ပါဝင်ပြီး NLD , NDF နဲ့ တိုင်းရင်းသား ပါတီ တွေ အပါ အဝင် အဖွဲ့ဝင် ၂၄ ယောက် ပါတဲ့ ကော်မရှင်ကို ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဖွဲ့စည်း ပေးလိုက် တာပါ။

ကော်မရှင် အနေနဲ့ ပညာရှင်တွေ၊ အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းက ပုဂ္ဂိုလ်တွေ အပြင် သာမန် မြန်မာ နိုင်ငံသား ဘယ်သူ့ကို မဆို ဖိတ်ခေါ် ဆွေးနွေး နိုင်တယ်လို့ လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ အတွက် ကျင့်သုံးတဲ့ စနစ် တခု ဖြစ်တဲ့ အချိုးကျ ကိုယ်စားပြု PR စနစ်နဲ့ ပတ်သက်ပြီး အငြင်းပွား မှုတွေ ရှိနေ တဲ့ အချိန် မှာပဲ၊ အခုလို ကော်မရှင် တခုကို ဖွဲ့စည်း လိုက်တာပါ။

ကော်မရှင်ရဲ့ သက်တမ်းက စတင် ဖွဲ့စည်းတဲ့ နေ့ကနေ နှစ်လ လို့ သတ်မှတ် ပေမဲ့ လေ့လာ သုံးသပ်ရေး လုပ်ငန်းတွေ ပြီးစီးမှု အခြေ အနေကို မူတည်ပြီး အပြီးသတ် အစီရင် ခံစာ တင်သွင်း ပြီးချိန် အထိ သက်တမ်းကို သက်မှတ် နိုင်ပြီး အဖွဲ့ဝင် တွေကို လွှတ်တော် ဥက္ကဌက လိုအပ် သလို ပြင်ဆင် ဖွဲ့စည်း နိုင်တယ် လို့လည်း လွှတ်တော် ဥက္ကဌရဲ့ အမိန့် ကြေညာ စာမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲ တွေမှာ လက်ရှိ ကျင့်သုံး နေတဲ့ fptp စနစ် ဆိုတာ ကတော့ မဲ အများ ရတဲ့သူ နိုင်တဲ့ စနစ် ဖြစ်ပြီး၊ အခု အငြင်းပွား နေတဲ့ PR ဆိုတာ ကတော့ ရှုံးတဲ့ သူကလည်း မဲတွေ အလဟဿ မဖြစ် စေတဲ့ အချိုးကျ ကိုယ်စားပြု စနစ်တွေ ထဲက တခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ