ကျောက်ဖြူဇုန် မြှုပ်နှံမှု တင်ဒါခေါ်

  • 1 ဩဂုတ် 2014
zone ဓာတ်ပုံ မူပိုင် reuters
Image caption ရေနက်ဆိပ်ကမ်း စီမံကိန်း ပါဝင်

ရခိုင်ပြည်နယ်က ကျောက်ဖြူ အထူး စီးပွားရေး ဇုန် မှာ ရင်းနှီးမြှပ်နှံမယ့် သူတွေ အနေနဲ့ အခုလ ၂၅ ရက်နေ့ နောက်ဆုံး ထားပြီး တင်ဒါ ခေါ်ထား ပါတယ်။

ကျောက်ဖြူ အထူး စီးပွားရေး ဇုန်မှာ စက်မှုလုပ်ငန်း စီမံကိန်း၊ ရေနက်ဆိပ်ကမ်း၊ လူနေ အဆောက်အအုံနဲ့ အခြေခံ အဆောက်အအုံ တွေ ပါဝင်ပါတယ်။

စီမံကိန်းကို ၂ဝ၁၅ ကစပြီး နှစ် ၂ဝ စီမံကိန်း အဖြစ် သတ်မှတ် ထားပါတယ်။

အရင်းအနှီး ဘယ်လောက် ဆိုတာကို သတ်မှတ် မထားဘဲ လာရောက် ရင်းနှီးမြှုပ်နှံ တဲ့ အပေါ် မူတည်တယ်လို့ ကျောက်ဖြူ အထူး စီးပွားရေး ဇုန် တင်ဒါ ခေါ်ယူရေး နဲ့ စိစစ် ရွေးချယ်ရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးအောင်ကျော်သန်း က ရှင်းပြ ပါတယ် ။

စီမံကိန်း အကြံပေး အဖြစ် စင်္ကာပူ အခြေစိုက် စီပီဂျီ ကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားပြီး လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ