ကယ်ရီ မြန်မာနိုင်ငံကို လာမယ်

  • 3 ဩဂုတ် 2014
john_kerry Image copyright AFP
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ ဟာ၊ ဒီ သြဂုတ်လ အတွင်းမှာပဲ၊ မြန်မာ၊ ဩစတြေးလျ နဲ့ ဆော်လမွန် ကျွန်းစုတွေကို၊ သွားရောက်မယ့် ခရီးစဉ် ရှိတယ်လို့၊ အမေရိကန် နိုင်ငံခြားရေး ဌာနက၊ ထုတ်ပြန် လိုက်ပါတယ်။

ဒီ ခရီးစဉ်ရဲ့ အစဦး အဖြစ်၊ ဝန်ကြီး ကယ်ရီဟာ၊ မြန်မာ နိုင်ငံကို ဩဂုတ်လ ၈ ရက်ကနေ ၁၃ ရက် နေ့ အထိ၊ လာရောက်မှာ ဖြစ်ပါတယ်။

၉ ရက်နေ့ နေပြည်တော်မှာ၊ မြန်မာ အစိုးရ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့ စီစဉ်ထား သလို၊ မြန်မာပြည် မှာ ရှိနေစဉ်၊ အာဆီယံ ဒေသတွင်း ဖိုရမ် နဲ့၊ အရှေ့အာရှ ၀န်ကြီးများ အဆင့် ထိပ်သီး ဆွေးနွေးပွဲ တွေကို၊ ဝန်ကြီး ကယ်ရီ တက်ရောက်မယ် လို့ သိရပါတယ်။

မြန်မာပြည်ကနေ တဆင့်၊ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီကို ထွက်ခွာမှာ ဖြစ်ပြီး၊ အဲဒီ့မှာ ကျင်းပဖို့ ရှိတဲ့ အမေရိကန်နဲ့ ဩစတြေးလျ ၂ နိုင်ငံ ဝန်ကြီးများ အဆင့် နှီးနှော ဖလှယ်ပွဲ ကို ၊ မစ္စတာ ကယ်ရီ တက်ရောက် ပါလိမ့်မယ်။

အဲဒီ့ပွဲကို၊ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန်ရဲ့ အကြီးအကဲ ချာ့ခ် ဟေဂယ်လ်လည်း တက်ရောက် လာပါလိမ့်မယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ