NCCT နဲ့ ဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံ

  • 3 ဩဂုတ် 2014
ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ NCCT အဖွဲ့ဝင်တွေ အရင်ဆုံး ဆွေးနွေးခဲ့

ဒီနှစ် အတွင်းမှာ ချုပ်ဆို ဖို့ ပြင်ဆင် နေကြတဲ့ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် အတွက် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားပြု NCCT အဖွဲ့ နဲ့ အစိုးရ ဘက်က ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ တို့ ဟာ ကချင် ပြည်နယ် မြစ်ကြီးနား မြို့ မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

ကေအိုင်အို ဘက် က ဗိုလ်ချုပ် ဂွမ်မော် မတက် ရောက်ပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားပြု အဖွဲ့တွေ စုံစုံ လင်လင် တက်ရောက် ခဲ့ကြ ပါတယ်။

ဒီဆွေးနွေးပွဲ ဟာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်း ဆောင်တွေ အလွတ် သဘော တွေ့ဆုံတာ ဖြစ်ပြီး တော့ အစိုး ရဘက် ၉ ကြိမ် မြောက် တွေ့ဆုံ တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ် တုန်းက ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ မှာ ပြုလုပ် ခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင် ထိပ်သီး ညီလာ ခံမှာ လက်နက်ကိုင် ခေါင်းဆောင်များ ညှိနှိုင်း ဆုံးဖြတ်ချက်တွေကို NCCT က အစိုးရထံ ပေး ဖို့လည်း ရှိနေ ပါတယ်။

အစိုးရ နဲ့ တိုင်းရင်းသား အပစ်ရပ် စာချုပ်ကို အချောသပ် ရေးဆွဲဖို့ အတွက် ရန်ကုန်မြို့ မှာ ဆွေးနွေး ပွဲတွေ လုပ်မယ့် အခြေ အနေကို ဒီဆွေးနွေးပွဲ မှာ ညှိနှိုင်းဖို့ ရှိနေ ပါတယ်။

ရန်ကုန် ညီလာခံမှာ ဒီမူကြမ်းကို အစိုးရဘက် နဲ့ သဘောတူရင် တော့ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အစိုးရ တို့ကြား သဘောတူ စာချုပ်ဟာ လက် မှတ်ထိုး တဲ့ အဆင့်သာ ကျန်တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ