Bi မွန်းတည့်နေ သတင်းသမားတွေကို ရုံးထုတ်

  • 4 ဩဂုတ် 2014
Image caption ပုဒ်မ ပြောင်း လိုက်တဲ့ အတွက် အရင် ပုဒ်မ ထက် ပြစ်ဒဏ် သက်သာ နိုင်ပါတယ်

ဇူလိုင် ၆ ရက်နေ့ထုတ် Bi မွန်းတည့်နေ ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစု တွေကို ကြားဖြတ် အစိုးရ အဖြစ် ပြည်သူ တွေက တင်မြှောက် တယ်ဆိုတဲ့ သတင်းကို ရေးသား ခဲတဲ့ သတင်း ထောက်တွေ ကို တနင်္လာနေ့မှာ ရုံးထုတ်ခဲ့ ပါတယ်။

အဲဒီ အထဲက အယ်ဒီတာ ကို ရဲမင်းအောင် ကိုတော့ ပြန်လွှတ်ပေး လိုက်ကာ၊ ကျန် သတင်းထောက် တွေကိုတော့ စွဲဆို ထားတဲ့ ပုဒ်မတွေ ပြောင်းလိုက်ပြီး အသရေ ဖျက်မှု၊ ပူးပေါင်း ကြံစည်မှုတို့ နဲ့ စွဲဆို လိုက်ပါတယ်။

အခုလို ပုဒ်မ ပြောင်းလိုက်တဲ့ အတွက် အရင် ပုဒ်မထက် ပြစ်ဒဏ် သက်သာ နိုင်ပါတယ်။

ပြီးခဲ့တဲ ဇူလိုင်လ အတွင်း ယူနတီ ဂျာနယ် သတင်း သမားတွေ ကို နှစ်ရှည် ထောင်ဒဏ်တွေ ပေးပြီး အရေး ယူတာ ရှိသလို၊ သူတို့ ကို အရေး ယူတာ မကျေ နပ် လို့ သမ္မတ ကိုကန့်ကွက်တဲ့ ရန်ကုန်က သတင်းသမား တွေ ကို ကမာရွတ် ရဲစခန်း မှာ တရားစွဲ ဖို့ ပြင် နေတာ တွေလည်း ရှိပါသေးတယ်။

နိုင်ငံ တကာ ကလည်း အစိုးရ ရဲ့ ပြုပြင် ပြောင်းလဲ မှုတွေဟာ အရင်လို မဟုတ်ဘဲ နောက်ကြောင်း ပြန်လှည့်မယ့် လက္ဓဏာတွေ တွေ့နေ ရတယ်လို့ ဝေဖန် နေချိန် မှာ၊ အခုလို ဖမ်းဆီး ထားတဲ့ သတင်း သမားတွေ အပေါ် အမှု ပြောင်း လိုက်တာဟာ တိုးတက် မှုတစ်ခု ဆိုပြီး သုံးသပ် မှုတွေ ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ