NLD အကြံပြုချက်တွေကို ရွေးကောက်ပွဲ ကော်မရှင် လက်ခံ

  • 4 ဩဂုတ် 2014
Election Commission has met with the political parties in May.
Image caption ပြီးခဲ့တဲ့ မေလက ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံခဲ့

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဇူလိုင်လ အတွင်းက ပေးပို့ ထားတဲ့ အကြံပြုချက် တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ နှစ်ဖက် တွေ့ဆုံ ညှိနှိုင်း ခဲ့ကြ ရာမှာ ကော်မရှင် ဘက်က အတော်များများ လိုက်ရော ခဲ့တယ်လို့ အန်အယ်လ်ဒီ ဘက်က ပြောပါတယ်။

အန်အယ်လ်ဒီက အကြံပြုထားတဲ့ အချက် ၉ ချက် ရှိပါတယ်။

အဲဒီထြမှာ အရေးကြီးတဲ့ တစ်ချက်က မဲဆွယ် စည်းရုံးရေး ကာလ ရက် ၃၀ ဆိုတာကို အရင်က အတိုင်း ရက်ပေါင်း ၆၀ လို့ ပြန်လည် သတ်မှတ်ပေးဖို့ဆိုတာကို တခြားတိုင်းရင်းသား ပါတီတွေ ဘက်ကလည်း တင်ပြထားတဲ့ အတွက် ရက်တိုးပေးမှာပါလို့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပြောခဲ့ကြောင်း တွေ့ဆုံ ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ် လောင်း အမည်စာရင်း ကြေညာပြီး ၁၅ ရက် အတွင်းမှာ စုဝေး ဟောပြောခွင့် ကြေညာရမယ်ဆိုတာ ကလည်း မဖြစ်သင့်တဲ့ အတွက် ဟောပြောမှု မလုပ်ခင် ၅ ရက် အလို သို့မဟုတ် သွားရောက် ဟောပြောမယ့်နေ့ မတိုင်ခင် ကြိုတင် လျှောက်ထားရင် ခွင့်ပြုဖို့ ဆိုတာကိုလည်း လိုက်လျောဖို့ စဉ်းစားပေးမယ်လို့ ကော်မရှင်ဘက်က ပြောကြောင်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အန်အယ်လ်ဒီ ဘက်က အကြံပြုတဲ့ အထဲက ၇ ချက်ကို လိုက်လျောဖို့ စဉ်းစားပေးမယ်လို့ ကော်မရှင်ဘက်က ပြောကြောင်းလည်း သူက ပြောပါတယ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲရမှာနဲ့ မူရင်း ဥပဒေကြီးကိုပါ ပြောင်းလဲပစ်ရမယ့် အချက် နှစ်ချက်က လွဲရင် ကျန်တာ တွေကို ရွေးကောက်ပွဲ ကော်မှရှင် ဘက်က လက်ခံ ပြင်ဆင် ပေးမယ်ဆိုပေမဲ့ ဘယ်လို ပြင်ဆင်မယ် ဆိုတဲ့ အသေးစိတ် ကိုတော့ အန်အယ်လ်ဒီ အပါအဝင်၊ ကော်မရှင်ကို အကြံပြုထားတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ လာမယ့် သြဂုတ်လ ၆ ရက်မှာ တွေ့ဆုံကြတဲ့ အခါကျမှ သိရ လိမ့်မယ်လို့လည်း ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ