ရခိုင်မှာ ငါးဖမ်းသင်္ဘောနစ်ပြီး လူ၂၀နီးပါး ပျောက်နေဆဲ

  • 5 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည်နယ်မှာ ဒေသခံတွေ ငါးဖမ်းလုပ်ငန်းနဲ့ အဓိက ဝမ်းစာရှာ

ရခိုင်ပြည်နယ်နားက ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ငါးဖမ်း သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ရာမှာ အခုချိန်ထိ လူ ၁၇ ဦးလောက် ပျောက်ဆုံးနေပါတယ်။

ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ် အကြား ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ အဏ္ဍဝါမင်း ၉ ဟာ သြဂုတ်လ ၂ ရက်နေ့က နစ်မြုပ်သွားခဲ့တာပါ။

သင်္ဘော နစ်မြုပ်စဉ်မှာ ငါးဖမ်းသင်္ဘောမှာ လူ ၂၂ ဦး လိုက်ပါလာပြီး တနင်္လာနေ့ ညနေအထိ ၆ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပိုက်တွေကို ရေထဲမှာဆွဲယူပြီး ငါးဖမ်းနေစဉ်မှာ သင်္ဘော နစ်မြုပ်သွားတာလို့ အဲဒီလူတွေကို ကယ်ဆယ်ခဲ့တဲ့ အမှတ် (၄၁၉) ငါးဖမ်းသင်္ဘောက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဆယ်ယူ ကယ်တင်နိုင်ခဲ့တဲ့ လှေသား ၆ ဦးကတော့ ကျောက်ဖြူမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ကျန် ငါးဖမ်းသမား ၁၇ ဦးခန့်ကို ဆက်လက် ရှာဖွေနေတုန်း ဖြစ်ပေမယ့် မိုးလေတွေ ထန်နေတဲ့ အတွက် ရှာဖွေရာမှာ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။