ဘားမားကမ်ပိန်း ဆော်သြမှု အစိုးရ တုံ့ပြန်

thein_sein ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ သမ္မတ ဦးသိန်းစိန်

ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း လူထု အပေါ် အကြမ်းဖက် ဖြိုခွင်း ခဲ့သူတွေထဲမှာ လက်ရှိ သမ္မတ ဦးသိန်းစိန် ပါဝင်ခဲ့ ခြင်း ရှိမရှိ အပေါ် အများ ပြည်သူကို ရှင်းလင်းချက် ထုတ်ပေးဖို့ ဗြိတိန် အခြစိုက် ဘားမား ကမ်ပိန်း အဖွဲ့ရဲ့ ဆော်သြနေမှုကို သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ခိုင်မာမှု မရှိတဲ့ ဝီကီလိ အချက်အလက်တွေကို အခြေခံ ထားတဲ့ စွပ်စွဲမှု ဖြစ်ကြောင်း ပြန်လည် တုံ့ပြန် လိုက်ပါတယ်။

မြန်မာ့နိုင်ငံရေး သမိုင်းမှာ အရေးပါတဲ့ အဖြစ်အပျက် ဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကာလက အဖြစ်မှန်တွေကို ပြန်လည် ဖော်ထုတ်ဖို့ ဆိုရင် ပါဝင် ပတ်သက်ခဲ့တဲ့ အစုအဖွဲ့တွေ အားလုံး အပေါ် မေးခွန်းထုတ်ဖို့ လိုအပ်တယ် လို့လည်း ဦးရဲထွဋ် က ပြောသလို၊ အခုအချိန်မှာ လမ်းကြောင်းမှန်နဲ့ ရှေ့ဆက် သွားနိုင်ဖို့ အပေါ် အာရုံစိုက်သင့် ပြီး သမိုင်းကို ဘက်လိုက်တဲ့ ခံစားချက်တွေနဲ့ မကြည့်နိုင်တော့တဲ့ ရင့်ကျက်မှုမျိုး ရှိလာမှ အတိတ် အကြောင်းတွေ သုံးသပ် သင့်တယ်လို့ ယူဆကြောင်းလည်း ဆိုပါတယ်။

ဘားမားကမ်ပိန်း အဖွဲ့ရဲ့ ဆော်သြမှုဟာ ရှစ်လေးလုံး နှစ်ပတ်လည် ကာလနဲ့ အချိန်ကိုက်ပြီး နိုင်ငံရေး အရ ထိုးနှက်မှုသာ ဖြစ်တယ် လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒီလို နိုင်ငံရေး ထိုးနှက်လိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ သမိုင်း သင်ခန်းစာ ထုတ်ပြီး သင့်မြတ်ရေး လမ်းကြောင်း အပေါ် သွားလိုတယ် ဆိုရင် တောင်အာဖရိက အပြောင်းအလဲကို သင်ခန်းစာ ယူပြီး အစိုးရနဲ့ အတိုက်အခံ အားလုံး တွေ့ဆုံကာ သူတို့ လုပ်ခဲ့တာတွေမှာ ဘာတွေ မှန်ခဲ့ မှားခဲ့ကြောင်းတွေ ပွင့်ပွင့်လင်းလင်း ဖလှယ်ကြရမယ် လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ