ရွေးကောက်ပွဲကော်မရှင် နဲ့ ပါတီစုံတွေ့

  • 7 ဩဂုတ် 2014
_nld_304x171_reuters ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဆွေးနွေး

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမည့် ရက်ကို ကော် မရှင် က သတ်မှတ် ထားတဲ့၊ ရက်ပေါင်း ၃၀ ကနေ ၆၀ တိုးမြှင့် ပေးဖို့အ ပါအဝင် ရွေးကောက်ပွဲ ကော် မရှင်ရဲ့ မဲဆွယ် စည်းရုံး ရေး ညွှန်ကြားလွှာပါ အချက်အချို့ ကို ပြင်ဆင် ပေးဖို့ NLD နှင့် တိုင်းရင်းသားပါတီ တွေ ဘုံ သဘောတူညီချက် ရပြီးဖြစ်ပါတယ်။

မနေ့ က နေပြည်တော် မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နဲ့အဲဒီ ပါတီ တွေ တွေ့ဆုံညိနှိုင်းမှူတွေလုပ်ခဲ့ ကြပါတယ်။ ဒီ ဆွေးနွေးပွဲ မှာအတော် များ များ အချက် တွေ ကို ကော် မရှင် က ပြင်ပေး ထားပြီး ပြီလို့ပြောပေမဲ့၊ မဲဆွယ်ကာလ ကို ပါတီ တွေ တောင်းသလို ရက် ၆၀ မရ ဘဲ၊ ရက် ၃၀ နဲ့ ဘဲ ကော် မရှင် က သတ်မှတ်ဖို့ ရှိတယ် လို့၊ ကော်မရှင် ဘက်က တုံပြန် လိုက်ပါတယ်။

ပြီး ခဲ့တဲ့ ရက်ပိုင်းက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၀ ပါတီ တို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ရင် ပြောနိုင်အောင်၊ ဘုံသဘောတူညီမှု တစ်ခု သဘောတူ ခဲ့ကြပါတယ်။ မဲဆွယ်ကာလ ပြင်ဖို့ကလည်း၊ ဒီဆွေးနွေး တဲ့ အထဲ မှာ ပါဝင်တယ် လို့ ရွေးကောက်ပွဲ ကော်မရှင် ရုံး က၊ ဒုတိယညွှန် ကြား ရေး မှူး ဦးလှမောင်ချို က ဘီဘီစီ ကို ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလ တိုတောင်း ပေမယ့် ကြိုတင် မဲပေးရာမှာ မဲရုံ ကိုယ်စားလှယ် လိုက်ပါခွင့်၊ မီဒီယာ မှ ဟောပြောခွင့် စတာတွေ ဆွေးနွေးဖြစ်ကြောင်း လည်း၊ဦးလှမောင်ချို က ဘီဘီစီ ကို ပြောပါတယ်။

ကော်မရှင် ဘက် ကတော့ ရွေးကာက်ပွဲ ကာ လ ကို၊ နိုင်ငံ တ ကာ မှာ လည်း ရက် ၃၀လောက် ဘဲ သတ်မှတ် ကြောင်း နဲ ပညာ ရှင်တွေ ကိုယ်တိုင် က လည်း ဒီလောက်ဘဲ သတ် မှတ်သင့်တယ်လို့၊ ပါတီ တွေ ကို ရှင်းပြတာ ရှိ သ လို၊ ပါတီ တွေ ဘက်က လည်း၊ သွားလာရ ခက် ခဲ တဲ့ ဒေ သတွေ ကြောင့်၊ အခု လို တောင်းဆို ရတာ ဖြစ်တယ် လို့လည်း ပြော ပါ တယ်။

ဒီအစည်း ဝေး တက် ရောက်ခဲ့တဲ့၊ ဒီမိုကရေ စီ နဲ့ လူ့အခွင့်ရေးပါတီ က ဦးစိုးဝင်း ကတော့၊ ပါတီတွေ ဘက် က မဲဆွယ်ရက် ရက်တိုး တောင်းတာ မရကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။ ဒါပေမဲ့ ကော်မရှင်ဘက် က သွားလာ ရ ခက်ခဲ့ တဲ့ ဒေသ တွေက၊ ကိုယ်စားလှယ် တွေ က သူတို့ ရွေးကောက်ပွဲ အစီစဉ် ကို တင်ပြ လာရင်တော့ အချိန် သတ်မှတ်ချက် ကို ပြင်ဆင် ပေးနိုင်တယ် လို့ ပြောတာ ကို ပါတီတွေ ဘက် က ပြော ပါတယ်။

ဒီနှစ် ထဲ မှာ ကျင်း ပ ဖို့ ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကိုတော့ နိုဝင်ဘာ နောက်ဆုံးပတ် သို့မဟုတ် ဒီဇင်ဘာ ပထမ ပတ် မှာ ကျင်းပပေး ဖို့ ရှိတယ် လို့ ရွေးကောက်ပွဲ ကော်မရှင် က ဘီဘီစီ ကို ပြောပါတယ်။