အာဆီယံနဲ့ ဒေသတွင်း ဖိုရမ် ကနေ့စတင်မယ်

  • 7 ဩဂုတ် 2014
asean ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာက အာဆီယံ ဖိုရမ်တွေ လက်ခံ ကျင်းပ

အဖွဲ့ဝင် ဖြစ်ပြီး ၁၇ နှစ် ကျော် အကြာ မှာ ပထမ ဆုံး အိမ်ရှင် အဖြစ် မြန်မာနိုင်ငံ က ကျင်းပခွင့် ရတဲ့ အာဆီယံ ဒေသတွင်း ဆွေးနွေးဘက် ၂၇ နိုင်ငံ နဲ့ ဆွေးနွေးပွဲ တွေ နေပြည်တော် မှာ ဒီနေ့ စတင် ဖို့ ရှိပါတယ် ။

၃ရက် ကြာ ကျင်းပမယ့် အာဆီယံနဲ့ ဒေသတွင်း ဆွေးနွေးဘက် နိုင်ငံ တွေက နိုင်ငံ ခြား ရေး ဝန်ကြီးများ အစည်းအဝေး တွေကို နေပြည်တော် မှာ ပထမဆုံး အကြိမ် လက်ခံ ကျင်းပ နိုင်တာ လည်း ဖြစ်ပါတယ် ။

အမေရိ ကန်၊ မြောက်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ရုရှ ၊ အီးယူ၊ အိန္ဒိယ စတဲ့ နိုင်ငံခြား ရေး ဝန်ကြီးတွေ အပါဝင် အာဆီယံ နိုင်ငံခြားရေး ဝန် ကြီးတွေ ပါ တက်ရောက် ကြမှာပါ ။

ဒေသတွင်း နဲ့ ကမ္ဘာ့ လုံခြုံရေး ဆိုင်တဲ့ ကိစ္စတွေ ကို နေပြည်တော် မှာ ကျင်းပမယ့် ဒီဆွေးနွေးပွဲ တွေမှာ အဓိက ဦးစားပေး ဆွေးနွေးဖို့ ရှိနေပါတယ်။

တောင်တရုတ် ပင်လယ် တွင်းက နယ်မြေ ပိုင်နက် အငြင်းပွားမှု တွေကိုတော့ သီးခြား ဆွေးနွေးဖို့ မရှိဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးရုံးက ပြောပါတယ်။

ဒီနေ့ မနက် ပိုင်း အစည်း ဝေးဖွင့်ပွဲ မှာ သမ္မတ ဦး သိန်းစိန် တက် ရောက်ပြီး အမှာစကား ပြောဖို့ ရှိပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ