ဂျွန်ကယ်ရီနဲ့ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး

  • 9 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးသိန်းစိန်

အာဆီယံ ဒေသတွင်း ဖိုရမ်ကို တက်ဖို့ နေပြည်တော်ကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ဟာ ဒီနေ့ မနက်က မြန်မာသမ္မတ ဦးသိန်းစိန် နဲ တွေ့ဆုံခဲ့ရာမှာ ရခိုင်ပြည်နယ်ပြသနာ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ လူ့အခွင့်အရေးစတဲ့ ပြု ပြင် ပြောင်း လဲရေးမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွေဟာ နောက်ကြောင်းပြန်လှည့်ဖို့မရှိဘူးလို့ ထပ်လောင်းပြောကြားခဲ့သလို ဂျွန်ကယ်ရီကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဂျွန်ကယ်ရီဟာ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ဦးရွှေမန်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မနက်ဖြန် ရန်ကုန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲနဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ သီးခြားဆွေးနွေးပွဲတွေ ဒီနေ့ နေပြည်တော်မှာ ဆက်ကျင်းပနေပါတယ်။

မနက်က လုပ်ခဲ့တဲ့ အာဆီယံ တရုတ် ဆွေးနွေးပွဲမှာ တောင်တရုတ်ပင်လယ်အရေး အဓိက ဆွေးနွေခဲ့ကြပြီး တရုတ်နဲ့ ဖိလိပိုင်ကြား တင်းမာမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ