အာဆီယံနဲ့ အရှေ့ အာရှ အစည်းအဝေး ပြီးစီး

  • 10 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Getty

မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပပြီး နိုင်ငံ ပေါင်း ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက် ကြတဲ့ အာဆီယံ ဒေသ တွင်း ဖိုရမ်နဲ့ အရှေ့ အာရှ ထိပ်သီး အစည်း အဝေး တွေဟာ တနင်္ဂနွေ နေ့မှာ အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ပါပြီ။

တရုတ် ဂျပန် အမေရိကန် ကိုရီးယား ရုရှား အီးယူ အိန္ဒိယ စတဲ့ ကမ္ဘာပေါ်မှာ စီးပွားရေး အရနဲ့ နိုင်ငံရေး အရပါ ထိပ်တန်း ရောက်နေတဲ့ နိုင်ငံ ကြီး တွေ အပါ အဝင် နိုင်ငံ ပေါင်း ၂၈ နိုင်ငံ က နိုင်ငံ ခြားရေး ဝန်ကြီးတွေ ကိုယ်စား လှယ်တွေ တက်ရောက် တဲ့ပွဲ ဖြစ်လို့ ဒီအခမ်း အနား မှာ အာရှ ပစိဖိတ် ဒေသ အတွင်း လုံခြုံရေး နဲ့ ပက်သတ်ပြီး ဆွေးနွေး တဲ့ အကြီးကျယ် ဆုံးသော အစည်းအဝေး ဖြစ်ပါတယ်။

နိုင်ငံ တကာ မီဒီယာ ပေါင်း ၅၀၀ နီးပါး နဲ့ ပြည်တွင်းက သတင်း သမား ၈၀ လောက် လာရောက် သတင်း ယူနေ ခဲ့ကြပါတယ်။ တခြား အိမ်နီးချင်း နိုင်ငံ တွေမှာ နည်းတူ ကျင်းပ နိုင်ခဲ့ပေမယ့် သတင်းယူတဲ့ နေရာမှာတော့ ကန့်သတ်မှုတွေ တော့ ရှိခဲ့ပါတယ်။

အစည်း အဝေးတွေမှာ ဒေသတွင်း တရုတ် နဲ့ တောင်တရုတ် ပင်လယ် ပြဿနာ၊ ကိုရီးယားကျွန်းဆွယ် ပြဿနာ တွေ အတွက် ဆွေးနွေး ငြင်းခုန် ကြရင်း ဘာ ဆုံးဖြတ် ချက်မှ ထွက် မလာတာ မျိုး ဖြစ်တတ် ပါတယ်။

မြန်မာ နိုင်ငံ ကတော့ အာဆီယံ ဥက္ကဌ ဖြစ်တဲ့ အချိန် ဖြစ်နေတော့ ရုတ်နဲ့ မြန်မာ အကြား ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချပြီး ကြားဝင် ဆောင်ရွက် မှာ ဖြစ်တယ် လို့ မြန်မာ ဘက်က ပြောဆို ထားတာ ရှိပေမယ့်၊ လက် တွေ့မှာတော့ ဘာ အကျိုး ရလဒ်မှ မရှိတာကို တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ